ကျွန်ုပ်တို့ ကျင်းလုံမြန်မာကုမ္ပဏီ အကြောင်း

ကျန်ုပ်တို့၏ ရပ်တည်မှု
၁၉၉၈ ခုနှစ်တွင်
ကျွန်ုပ်တို့ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို ၁၉၉၈ခုနှစ်တွင် မန္တလေးမြို့၏ လမ်း(၃၀)နှင့်(၈၃)လမ်းထောင့် ဆိုင်ခန်းအငှားဖြင့်

စက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လောကအတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။

၂၀၀၀ ခုနှစ်တွင်
မန္တလေးမြို့၏ (၈၃)လမ်း၊(၂၇)လမ်းနှင့်(၂၈)လမ်းကြားသို့ ပြောင်းရွေ့ကာ လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပြီး အထက်မြန်မာပြည်ဈေးကွက်သို့ဝင်ရောက်ခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင်
ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်၊
ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားအဖြင့် လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပြီး အောက်မြန်မာပြည်ဈေးကွက်တွင် နေရာတစ်ခုရရှိခဲ့ပါသည်။

၂၀၀၈ ခုနှစ်တွင်
ကိုယ်ပိုင်အခြေကျနေရာတစ်ခုအဖြစ် ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို အမှတ်(၄၉၃)၊(၈၂)လမ်း၊(၃၅)နှင့်(၃၆)လမ်းကြား၊
မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပါသည်။
တင်သွင်းဖြန့်ဖြူးသော ကုန်ပစ္စည်းများနှင့်ပက်သတ်၍ မရောင်းခင်ကြိုတင်ပြင်ဆင်မှု၊ ရောင်းဆဲဝန်ဆောင်မှု၊ ရောင်းပြီးဝန်ဆောင်မှု၊ အမျိုးအမည်နှင့်ရွေးချယ်စရာစုံလင်မှု၊ ဈေးနှုန်းနှင့်ကုန်ပစ္စည်းအရည်အသွေးထိုက်တန်မှန်ကန်မှု စသည်တို့ကို အထူးအာရုံစိုက်ခဲ့ပါသည်။

၂၀၁၀ ခုနှစ်တွင်
ကိုယ်ပိုင်အခြေကျနေရာတစ်ခုအဖြစ် ကျင်းလုံစက်ပစ္စည်းအရောင်းဝယ်ရေးဆိုင်ကို အမှတ်(၃၅-၃၆)၊ သီရိမွန်လမ်းမကြီးနှင့်(၈)လမ်းထောင့်၊
သီရိမ်န်ပလာဇာဝင်း၊ ဘုရင့်တောင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင်
ကျင်းလုံမြန်မာ စက်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်(JINLONG MYANAMR MACHINERY TRADING CO.,lTD.) အဖြစ် မှတ်ပုံတင်ခဲ့ပါသည်။
တင်သွင်းဖြန့်ဖြူးထားသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အမျိုးအမည်နှင့် ရွေးချယ်စရာစုံလင်မှု၊ ဈေးနှုန်းနှင့် ကုန်ပစ္စည်းအရည်အသွေး
ထိုက်တန်မှန်ကန်မှု၊ အခြားလိုအပ်သော စက်ပစ္စည်းများအတွက် အသုံးပြုသူလိုအပ်ချက်အလိုက် အော်ဒါမှာယူပေးနိူင်မှု စသည်ဖြင့် စားသုံးသူလိုအပ်ချက်များကို
အဆင်ပြေဆုံးဖြစ်အောင် အထူးအလေးထားဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင်
ကျင်းလုံမြန်မာ၏ ကိုယ်ပိုင် WEBSITE (www.jinlongmyanmar.com) ကိုစတင်လွှင့်တင်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင်
ကျင်းလုံမြန်မာ machine mart စက်ပစ္စည်းအရောင်းပြခန်းတစ်ခုကို (၇၃)လမ်းနှင့်(၇၄)လမ်းကြား၊မြိုမဒင်္ဂါးလမ်းနှင့် မြို့မသစ်လွင်လမ်းကြား၊ တံခွန်တိုင်အဝိုင်းအနီး၊ ပြည်ကြီးတံခွန်မြို့နယ်၊
မန္တလေးမြို့တွင်ပထမဦးဆုံးနှင့် ပစ္စည်းအစုံလင်ဆုံး စက်ပစ္စည်းအရောင်းပြတစ်ခုကို အောင်မြင်စွာဖွင့်လှစ်နိူင်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင်
ကျင်းလုံမြန်မာ၏ mobile application တစ်ခုဖြစ်သော GDMM APK ကို Android နှင့် iOS user များအတွက် တင်သွင်းဖြန့်ဖြူးထားသော စက်ပစ္စည်းများနှင့် ပတ်သက်၍
အလွယ်တကူလေ့လာနိုင်ရန် ဖန်တီးခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင်
ကျင်းလုံမြန်မာ machine mart စက်ပစ္စည်းအရောင်းပြခန်းတစ်ခုကို
အမှတ်-၁/(ခ)၊ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ကျန်စစ်သားလမ်းထောင့်၊ စက်မှုဇုံ(၃)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့တွင် အောက်မြန်မာပြည်ဈေးကွက်အတွက် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။

ကျင်းလုံမြန်မာအနေနှင့် အဖွဲ့အစည်းအတွင်းရှိပါဝင်ပတ်သက်သူများ၏ ယဉ်ကျေးမှု၊ မရောင်းခင်၊ ရောင်းဆဲနှင့် ရောင်းပြီးဝန်ဆောင်မှုများ၊ ကုမ္ပဏီ၏ရေရှည်ရပ်တည်မှုနှင့် ဂုဏ်သတင်းကျော်စောမှုများအတွက်
အစွမ်းကုန်ကြိုးစားရင်း နိုင်ငံနှင့် လူမျိုးအတွက် စက်မှုပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားပါမည်။
မိတ်ဟောင်းမိတ်သစ်များအနေဖြင့် ကျင်းလုံမြန်မာ၏ လိုအပ်ချက်များကို မေတ္တာရှေ့ထား၊ ဂရုဏာအားဖြင့် အပြုသဘော ထောက်ပြဝေဖန်တည့်မတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်…..
ကျင်းလုံမြန်မာ

jinlong-myanmar-about-us-image