How to calculate vertical pressure head
#မနီမနီထထ
#ထထနီမနီမ
မြစ်ရေတင်လုပ်ငန်းတွေ
စိုက်ခင်းရေတင်လုပ်ငန်းတွေ
တောင်ပေါ်ရေတင်လုပ်ငန်းတွေ
ဆောင်ရွက်ကြတဲ့အခါ ပုံပါ H တန်ဖိုးဟာ
ပေကြိုးဆွဲလို့မရနိုင်တဲ့ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။
ပေကြိုးအလွယ်တကူ ဆွဲလို့ရတဲ့ L တန်ဖိုးကို ကိုင်ပြီးရေပန့်ဝယ်ရင်
မလိုအပ်ပဲ ကုန်ကျစရိတ်တွေပိုသွားနိုင်တယ်။
မီးစက်ပါတွဲဝယ်ရရင် အရွယ်ကြီးသွားမယ်။ ဆီစားပိုမယ်။
ဒါဆိုတွက်ချေကိုက်ဖို့ မလွယ်တော့ဘူး။
ဒါ့ကြောင့် ကျောင်းတုန်းကသင်ခဲ့ရတဲ့
TRIGO ထဲက မနီမနီထထ၊ ထထနီမနီမ ဆိုတာလေးကို
ပြန်စဉ်းစားပြီး အစဆွဲထုတ်ပေးလိုက်ပါတယ်။
ကျောင်းသားဘဝတုန်းကတော့ ဘယ်အချိန်မှာ
ဘယ်လိုအသုံးကျမယ်ဆိုတာ မသိခဲ့ရိုးအမှန်ပါ။
ရေတင်ဖို့ စမှတ်နဲ့ ဆုံးမှတ်သိပြီဆိုရင် စောင်းသွားတဲ့
ဒီကရီကို အနီးစပ်ဆုံး မှန်းဆပြီး တွက်ချက်နိုင်ပါတယ်။
ဒါဆိုရင် H တန်ဖိုးရပြီပေါ့။
ဘာ့ကြောင့် H တန်ဖိုးရှာရသလဲဆိုတော့
ရေပန့်တွေ တံဆိပ်ပြားပေါ်မှာ H တန်ဖိုးကိုသာ
ညွှန်းဆိုဖော်ပြကြတာဖြစ်ပါတယ်။
သတ်မှတ်တန်ဖိုးချင်းတူမှသာ နှိုင်းယှဉ်ပြီး
မိမိတွန်းတင်လိုတဲ့ အမြင့်နဲ့ ပန့်တံဆိပ်ပြားပါ တန်ဖိုးနှစ်ခုကို
မှန်မှန်ကန်ကန် သုံးသပ်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ရေပန့်ဝယ်မယ်တဆိုရင် မော်တာကောင်ရေနဲ့မေးဝယ်လို့မရပါဘူး။
ပန့်ဒီဇိုင်းအုပ်စု အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိပါတယ်။
အမြင့်တင်များရင် ရေထွက်ပမာဏနည်းမယ်။
အမြင့်တင်နည်းရင် ရေထွက်ပမာဏများပါမယ်။
ကိုယ်လိုတာသိရင် ကိုယ်ရွေးရမယ့်ဟာ သိပြီပေါ့။
POST ပါပုံအရ တန်ဖိုးတစ်ခု နမူနာတွက်ကြည့်ရအောင်.....
အများအားဖြင့် ရှိနေနိုင်တဲ့ sin degree တန်ဖိုးတွေကို
အသင့်အကိုးအကားပြုနိုင်အောင် ပုံမှာတွက်ပေးထားပါတယ်။
ဆင်ခြေလျော အမြင့် L တန်ဖိုး 100ft လို့ဆိုကြပါစို့။
စောင်းသွားတဲ့ ထောင့်ဒီကရီတန်ဖိုးက 30 degree လို့ အကြမ်းသတ်မှတ်လိုက်ပါမယ်။
H=L x SIN 30
H=100 x 0.5
H= 50ft လို့ရပါတယ်။
ဒီတော့ ဝယ်ရမယ့်ပန့်ရဲ့ တွန်းတင်အမြင့်ဟာအနည်းဆုံး
50ft ရှိကိုရှိရမယ်ဆိုတဲ့ သဘောပါပဲ။
ပြီးရင် ကိုယ်လိုချင်တဲ့ အလုပ်ပြီးနှုန်း ရေထွက်ပမာဏနဲ့ ချိန်ဆပြီး
ရွေးချယ်နိုင်ပါပြီ။
H တန်ဖိုးနဲ့ ပတ်သက်လို့ ဘော်ဒါတွေ အဆင်ပြေကြပါစေ။
ကျေးဇူးတင်စွာဖြင့်....
Tun Lynn
#ကျင်းလုံမြန်မာ
#gdmmknowledge
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery