Plasma Cutting
PLASMA CUTTER အကြောင်း
လေ့လာမိသလောက်မျှဝေပေးထားပါတယ်။
METAL တွေကို ဖြတ်တဲ့နေရာမှာ တွင်ကျယ်စွာ
အသုံးပြုကြတဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။
ဒီနေရမှာ သတိထားစရာရှိတာက METAL ကို မြန်မာလို ဘာသာပြန်ရင် အပူနှင့် လျှပ်စစ်
စီးဆင်းနိုင်သော သတ္ထု လို့ဘာသာပြန်ပါတယ်။
သံဆိုတာ METAL အမျိုးအစားတစ်ခုဖြစ်ပြီး
METAL တိုင်းဟာသံမဟုတ်ကြပါဘူး။
သတ္ထုဆိုတဲ့ စကားလုံးပါလို့ ရောနေမှာစိုးလို့
ပြောတာဖြစ်ပါတယ်။
METAL တွေကို လိုသလို
ဖြတ်တောက်ပုံဖေါ်တဲ့နည်းတွေ
အများကြီးရှိပါတယ်။ ကုန်ကျစရိတ်နည်းတာ၊ များတာ၊
စီးပွားရေးအရ တွက်ချေကိုက်တာ၊ မကိုက်တာ၊
လူနဲ့ပတ်ဝန်းကျင်အတွက် လုံခြုံဘေးကင်းမှု
အတိုင်းအတာနည်းတာ၊ များတာ
စသည်ဖြင့်ကွာခြားမှုတွေ တော့ရှိပါတယ်။
ယနေ့ခေတ်မှာတော့ ဒီ PLASMA CUTTING METHOD ဟာ တစ်ကမ်ဘာလုံး မှာရှိတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာ တွင်ကျယ်စွာအသုံးပြုနေကြတာပါ။
PLASMA CUTTING METHOD ကို အသုံးပြုဖို့
1. PLASMA CUTTING MACHINE
2. COMPRESSED AIR
3. ELECTRIC POWER SUPPLY
သည်သုံးမျိုးလိုအပ်ပါတယ်။
1. PLASMA CUTTING MACHINE
များသောအားဖြင့် INVERTER-TYPE တွေတွေ့ရမှာဖြစ်ပါတယ်။
အုပ်စုနှစ်ခုရှိပါတယ်။
1. MOSFET & 2. IGBT ဖြစ်ပါတယ်။
ဖြတ်နိုင်တဲ့အထူအပါး အပေါ်မူတည်ပြီး
အရွယ်အစားအမျိုးမျိုးလာပါတယ်။
အမျိုးအစားတွေမှာ ထုတ်ပေးနိုင်တဲ့
အမ်ပီယာ ကန့်သတ်ချက်တွေနဲ့ထုတ်လုပ်ဖြန့်ဖြူးကြတာဖြစ်ပါတယ်။
ဥပမာအားဖြင့်.......CUT-40, CUT-50, CUT-60, CUT-100 စသည်ဖြင့် တွေ့ပါလိမ် ့မယ်။
220VAC/ 380VAC စသည်ဖြင့် မိမိမှာ ရှိတဲ့ POWER SUPPLY နဲ့ အညီရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ အမှတ်တံဆိပ် အမျိုးမျိုးရှိပါလိမ့်မယ်။
အပိုပစ္စည်း နဲ့ ဝန်ဆောင်မှု လမ်းကြောင်းဘက်
ကနေပြီး စဉ်းစားရွေးချယ်ဖို့တော့ လိုပါမယ်။
2. COMPRESSED AIR
ဖိအားမြင့်လေဆိုတာ ကျွန်တော်တို့
ပတ်ဝန်းကျင် လေထုထဲကလေကို
စက်ပစ္စည်းအကူအညီရယူပြီး လှောင်အိုးတစ်ခုအတွင်းမှာ သိုလှောင်ထားရတာမျိုးဖြစ်ပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်လေထုထဲဆိုတာဟာ
နိုက်ထရိုဂျင်(NITROGEN) 78% ၊
အောက်စီဂျင်(OXYGEN) 21% ၊ အခြားရှားပါးဓာတ်ငွေ့အရော 1% ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဖိအားမြင့်လေ ကိုရဖို့ ကွန်ပရက်ဆာနဲ့လေလှောင်အိုး လိုပါတယ်။
ဒါလည်း အရွယ်အစားအမျိုးမျိုးရှိပါတယ်။
လေဖိအား အနေနဲ့ 116 psi/ 0.8 Mpa/ 8 bar
လောက်ဆိုရင် အသုံးပြုလို့ရပါပြီ။
ကွန်ပရက်ဆာရွေးတဲ့နေရာမှာ တစ်မိနစ်ကို
လည်ပတ်အားဘယ်လောက်ပေးရင် လေထုထည်
ကုဗမီတာ ဘယ်လောက်ထွက်တယ်၊
လေဖိအားဘယ်လောက်ရောက်အောင်ဖိထည့်ဖို့
မော်တာ(သို့)အင်ဂျင်ဘယ်လောက်အားလိုတယ် စတဲ့ POINT နှစ်ခု ကနေရွေးချယ်ရမှာဖြစ်ပါတယ်။
နောက်တစ်ခုက လေလှောင်အိုးပါ။
အများဆုံး လေဖိအား ဘယ်လောက် အထိ
ဖြည့်နိုင်တယ်ဆိုတဲ့အချက်ကိုကြည့်ပြီး
ရွေးချယ်ရမှာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ မော်တာနဲ့တွဲပြီးသား သုံးရန်အသင့် အနေအထားတွေ ရွေးချယ်လို့ရနေပါပြီ။
ကွန်ပရက်ဆာနဲ့မော်တာ ကို မိမိဖာသာ အလွတ်ဝယ်ပြီး
ပြန်ဆင်မယ်ဆိုရင်တော့
လုပ်ချက်တွေများပါတယ်။ ကုန်ကျစရိတ်တွေပိုပါမယ်။
ဒါပေမယ့် မိမိစိတ်တိုင်းကျတော့ရပါမယ်။
လေလှောင်အိုးဖြစ်တဲ့အတွက် အခါအားလျော်စွာ
စစ်ဆေးနေဖို ့တော့လိုပါတယ်။ လှောင်အိုးထဲမှာ ငွေ့ရည်ဖွဲ့မှုကြောင့် ကြာလာတာနဲ့အမျှ
ရေတွေခိုအောင်းလာပါမယ်။
DRAIN ပေါက်ကနေ ဖောက်ချပေးဖို့လိုပါတယ်။
မဟုတ်ရင် လှောင်အိုးအတွင်းပိုင်းမှာ သံချေးစားပြီး
အိုးသက်တမ်းတိုမှာဖြစ်ပါတယ်။
3. ELECTRIC POWER SUPPLY
ဒါလည်းအရေးကြီးပါတယ်။ သူမပါရင်
လုပ်ငန်းစလို့ရမှာမဟုတ်ပါဘူး။
မိမိမှာရှိတာက 220VAC/50Hz ရှိသလား၊
380VAC/50Hz ရှိသလားသိထားဖို့လိုပါတယ်။
ရှိတော့ရှိတယ် မီးအားက မပြည့်ဘူးဆိုရင်လည်း
မီးစက်ကိစ္စ စဉ်းစားရပါလိမ့်မယ်။
မိမိအသုံးပြုလိုတဲ့ ပစ္စည်း ကိရိယာတွေရဲ့
ဝပ်ကို တွက်ချက်ပြီး စီစဉ်လိုက်ရုံပါပဲ။
ဒီနေရာမှာ အကြံပြုလိုတာက တွက်လို့ရတဲ့
ဝပ်တန်ဖိုးထက် ပိုကြီးပြီး ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။
ဖြစ်နိုင်ရင် နှစ်ဆလောက်ကြီးပြီး စဉ်းစားပေးပါ ဒါမှ
ရေရှည် ထိန်းသိမ်းစရိတ်နည်းပြီး တွက်ချေကိုက်စွာ
အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အလုပ်လုပ်ပုံ သဘောတရား
⚞⚞⚞⚞ ⚟⚟⚟⚟
PLASMA ဆိုတာ ဒြပ်ဝတ္ထု တွေရဲ့ဓာတ်ငွေ့ (IONIZED GAS) အခြေအနေတစ်မျိုးဖြစ်ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က သင်ကြားခဲ့ရဖူးတာက
ဒြပ်ဝတၳု တွေမှာ အခြေအနေ သုံးမျိုး
ရှိတယ်ဆိုတာဖြစ်ပါတယ်။
အစိုင်အခဲ၊ အရည်၊ အငွေ့ ဒီသုံးမျိုးဖြစ်ပါတယ်။
PLASMA ဆိုတာ ဒြပ်ဝတ္ထု တွေရဲ့ စတုတ္ထမြောက် အခြေအနေတစ်ခုဖြစ်ပါတယ်။
သည်တော့
၁။ အစိုင်အခဲ (SOLID)
၂။အရည် (LIQUID)
၃။အငွေ့ (GAS)
၄။ပလာစမာ (PLASMA) လျှပ်စစ်စီးဆင်းနိုင်သော
ဓာတ်ငွေ့ သည်လိုဖြစ်လာပါတယ်။
ဓာတ်ငွေ ့တွေ ကို PLASMA အဖြစ်ဖန်တီးနိုင်တဲ့
နည်းလမ်းအမျိုးမျိုးရှိပါတယ်။
PLASMA CUTTER တွေမှာတော့ ဖြတ်မယ့် METAL နဲ ့ ဖြတ်ဂေါက်အကြားမှာ ELECTRIC ARC မီးပွင့်ဖြစ်ပေါ်ပါတယ်။
၄င်းမီးပွင့် ဟာ ဖြတ်ဂေါက်ရဲ့ အလယ်ကထွက်လာတဲ့ COMPRESSED AIR ကို PLASMA (IONIZED GAS)
ဖြစ်စေပါတယ်။
ဖိအားပြင်းစွာ အဆက်မပြတ်ထွက်လာတဲ့ လေကြောင့်
ဒီမီးပွင့်ဟာ မီးပန်းအသွင်ပြောင်းသွားပြီး
ဖြတ်တောက်လိုတဲ့ METAL ကို အရည်ဖျော်ချခြင်းအားဖြင့် အလုပ်လုပ်တာဖြစ်ပါတယ်။
ဖြတ်ကြောင်းတစ်လျှောက်ရှိ အရည်ပျော်သွားတဲ့ METAL တွေကိုလည်း အောက်ဘက်ဆီကို
မှုတ်ထုတ်ခြင်းအားဖြင့် ဖြတ်ကြောင်းနံရံတွေကိုလည်း ချောမွေ့ သေသပ်စေပါတယ်။
စတီး(STEEL)၊ အလူမီနီယံ(ALUMINIUM)၊ ကြေးဝါ(BRASS)၊ ကြေးနီ(COPPER) နှင့် အခြား အပူနဲ့ လျှပ်စစ် ဖြတ်စီးနိုင်တဲ့ METAL တွေကို
ဖြတ်တောက်တဲ့နေရာမှာ အသုံးပြုကြပါတယ်။
ဖြတ်ဂေါက်နဲ့တွဲ သုံးတဲ့ အကူပစ္စည်းတွေအပေါ်မူတည်ပြီး အဝိုင်း၊ ထောင့်ချိုး၊ အီလစ်ပုံ စသည်ဖြင့် ပုံစံအမျိုးမျိုးကို သေသပ်စွာဖြတ်တောက်နိုင်ပါတယ်။
လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်ပြီး 40MM
ဝန်းကျင်အထိ လက်နဲ့ကိုင်တွယ် ဖြတ်တောက်နိုင်ပါတယ်။
သည့်ထက်ပိုထူမယ်ဆိုရင်တော့
စက်ရုပ်လက်တံတွေအသုံးပြုကြတာများပါတယ်။
မော်တော်ယာဉ်၊ ရေယာဉ်
ထုတ်လုပ်ရေးလုပ်ငန်းတွေ၊
စားသောက်ကုန်ထုတ်ဆိုင်ရာ စက်ပစ္စည်း
ထုတ်လုပ်ရေးလုပ်ငန်းတွေ၊
ဆောက်လုပ်ရေးလုပ်ငန်းတွေ စတာတွေမှာ
တွင်ကျယ်စွာ အသုံးပြုကြပါတယ်။
ဖြတ်နှုန်း၊ တိကျမှုနှုန်း မြန်ဆန်စေဖို့အတွက်
တချို့လုပ်ငန်းကြီးတွေမှာ CNC MACHINE (Computer Numerical Control) စက်ကြီးများမှတဆင့် စက်ရုပ်လက်တံများကို
အသုံးပြုပြီးဖြတ်တောက်ကြပါသေးတယ်။![]()
![]()
တပ်ဆင်ပုံ![]()
![]()
![]()
1. လေအိုးက ထွက်လာတဲ ့လေပိုက်ကို FILTER နှင့် FLOW VALVE ကိုဖြတ်ပြီး စက်မှာရှိတဲ့
လေ အဝင်ပေါက်မှာ ဆက်ပေးပါ။
2. PLASMA CUTTER ကို POWER SUPPLY ပေးပါ။
3. ဖြတ်ဂေါက်နှင့် ဝါယာကြိုးကို PLASMA CUTTER အထွက်ဘက်တွင် တပ်ဆင်ပါ။
ဖြတ်ဂေါက်ဟာ လျှပ်စစ်သဘောအရ
အနုတ်လက္ခဏာ ဆောင်ပါတယ်။
၄။ အပ်ကြိုး၏ တစ်ဘက်စွန်းကို PLASMA CUTTER
တွင်တပ်ဆင်ပြီး အခြားတစ်ဘက်ကို ဖြတ်မည့်
METAL တွင် CLAMP ဖြင့်သွယ်ဆက်ပါ။
အပ်ကြိုးကတော ့လျှပ်စစ်သဘောအရ
အပေါင်းလ လက္ခဏာ ဆောင်ပါတယ်။
၅။ ဖြတ်မည့်သံပြားနှင့် နော်ဇယ်ထိပ်ဖျား ထိမနေစေရပါ။ မဟုတ်ပါက နော်ဇယ် မီးကြွမ်းသွားပါမည်။
သတိပြုရန်အနေနဲ့ကတော့
မည်သည့်ဝရိန်လုပ်ငန်းဖြစ်ပါစေ လေဝင်လေထွက်ကောင်းတဲ့နေရာဖြစ်ဖို ့လိုပါတယ်။
စူးရှတဲ့အလင်းရောင်ထွက်ပါတယ်။
အပူထွက်ပါတယ်။
လူ့အဆုတ်ကို ထိခိုက်စေနိုင်တဲ့
(Ozone fume)ဓာတ်ငွေ့ထွက်ပါတယ်။
ကာကွယ်မှုပစ္စည်း အစုံအလင်နဲ့သာ လုပ်ငန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လျှပ်စစ်အန္တရာယ် မဖြစ်စေဖို့အသုံးပြုဝါယာကြိုးအရွယ်အစား၊ မီးအား၊ လုပ်ငန်းခွင်ပတ်ဝန်းကျင် စသည်ဖြင့် ဂရုပြုစရာတွေများပါတယ်။
တချို့သူတွေ မျက်ကန်းတစေ မကြောက်လုပ်နေတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့အတတ်နိုင်ဆုံး ဆင်ခြင်ပြင်ဆင်ကြဖို့လိုပါတယ်။
METAL အချို့ရဲ့ အရည်ပျော်မှတ် အပူချိန်တွေကိုလည်း ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။
PLATNIUM(ပလက်တီနမ်)=1768 °C![]()
![]()
![]()
IRON (သံ)=1538 °C![]()
![]()
![]()
MANGANESE (မဂ္ဂနီးစ်)=1246 °C![]()
![]()
![]()
COPPER (ကြေး)=1084 °C![]()
![]()
![]()
GOLD (ရွှေ)=1064 °C![]()
![]()
![]()
SILVER (ငွေ)=961 °C![]()
![]()
![]()
ALUMINIUM (အလူမီနီယမ်)=660 °C![]()
![]()
![]()
MAGNASIUM (မဂ္ဂနီစီယမ်)=650 °C![]()
![]()
![]()
ZINC (သွပ်)=419 °C![]()
![]()
![]()
LEAD (ခဲ)=327 °C![]()
![]()
![]()
ကျွန်တော်တို့ ကျင်းလုံမြန်မာ အနေနဲ့
KEPU အမှတ်တံဆိပ်၊
KENDE အမှတ်တံဆိပ်
PLASMA CUTTER တွေကို
မြန်မာပြည်ကိုယ်စားလှယ်အဖြစ်
တင်သွင်းဖြန့်ဖြူးနေတာဖြစ်ပါတယ်။
PLASMA CUTTER နဲ့ပတ်သက်လို့
အသုံးပြုလိုရင်ပဲဖြစ်ဖြစ်၊
တဆင့်ပြန်လည်ဖြန့်ဖြူးလိုရင်ပဲဖြစ်ဖြစ်
ကျွန်တော်တို့ကျင်းလုံမြန်မာ ကို သတိရနိုင်စေဖို့မိတ်ဆက်တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery