Knowledge

Pressure Control Switch

Pressure Control Switch

#Pressure_Control_Switch
ဖိအါးချိန်ညှိမှု@1.5~2.2kg/cm2
အထိုင်အရစ်အချင်း@13mm
အရစ်အမျိုးအစား@19G
သင့်တော်သောရေပန့်@125w/250w/370w

Auto Pressure Pump တွေနဲ့
တွဲဖက်အသုံးပြုရတဲ့
ခလုတ်တစ်ခုဖြစ်ပါတယ်။
အော်တိုပရက်ရှာပန့်ဆိုတာက
ရေချိုးခန်း၊ အဝတ်လျှော်စက်၊ ရေသန့်စက်
စတာတွေနဲ့ အတံဖက်အသုံးပြုရတဲ့ ပန့်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီပန့်တွေဟာ လျှပ်စစ်မီးအမြဲတပ်ပေးထါးရတာဖြစ်ပြီး အထွက်ရေဖိအားလျော့ရင် အလိုအလျှောက်
မောင်းမယ်။ အထွက်ဘက်မှာ သတ်မှတ်ရေဖိအားတစ်ခုရောက်ရင် အလိုအလျှောက်ပြန်ရပ်မယ်။
ဒီလိုအလုပ်လုပ်တဲ့ရေပန့်အမျိုးအစားတွေပါ။

ရေပန့်ရဲ့အထွက် ဘက်မှာ တပ်ဆင်ရပါတယ်။
ရေဖိအားကို အာရုံခံပြီး မော်တာကို အလိုအလျှောက်
အဖွင့်အပိတ်ပြုလုပ်ပေးတဲ့ ခလုတ်တစ်ခုပါ။

အတွင်းမှာ ရာဘာပြားတစ်ချပ်ပါရှိပါတယ်။
ရာဘာပြားရဲ့ အပေါ်မှာ plastic ခုံတစ်ခုကို စပရင်အထိုင်အဖြစ်အသုံးပြုထားပြီး ဒီစပရင်ရဲ့ ဖိအားဟာ ရာဘာပြားပေါ်ကို တိုက်ရိုက်သက်ရောက်ပါတယ်။

အလယ်အူတိုင်ကအတွင်းမှာ ရေသွားလမ်းပါပါတယ်။
ဒီရာဘာပြားအပေါ်ကို တစ်ဘက်က
ရေဖိအားသက်ရောက်မယ်။
ကျန်တစ်ဘက်ပေါ်ကို
စပရင်ရဲ့တင်းအားသက်ရောက်ပါတယ်။

ဒီစပရင်ရဲ့ တင်းအားကို လိုသလိုချိန်ညှိနိုင်ဖို့
စပရင်အထိုင်မှာ နတ်တိုင်တစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။
ဒီတော့ စပရင်တင်းအားကို ချိန်ညှိလို့ရပါတယ်။
ရတယ်ဆိုတဲ့နေရာမှာ pressure switch အမျိုးအစားအလိုက် ချိန်ညှိလို့ရတဲ့ တင်းအားတွေတော့ မတူကြပါဘူး။
ချိန်တဲ့နေရာမှာလည်း စပရင်တင်းအားများရင် ရေဖိအားတက်လာမှာဖြစ်ပြီး၊ စပရင်တင်းအားလျော့ရင် ရေဖိအားကျလာမှာဖြစ်ပါတယ်။
တချို့အမျိုးအစားတွေမှာ pressure gauge ပါတာမို့
မြင်သာပါတယ်။ တချို့အမျိုးအစားတွေမှာတော့
Pressure gauge မပါလို့ မှန်းဆပြီး ချိန်ဖို့သာရှိပါတယ်။
ဒီ pressure switch တွေကို မော်တာရဲ့ စွမ်း​ဆောင်နိုင်တဲ့
ရေဖိအားအလိုက် သင့်တော်အောင်စီစဥ်ထားရတာမျိုးပါ။
Auto pump တွေမှာ
Cut in pressure (မောင်း)
Cut off pressure(ရပ်)
ဆိုတာရှိပါတယ်။
ဒီတန်ဖိုးနှစ်ခုကို ကြည့်ပြီး မိမိသုံးထားတဲ့ ရေပန့်အရွယ်အစားနဲ့ ကိုက်မကိုက်ချိန်ဆရမှာဖြစ်ပါတယ်။

ရေပန့်ရဲ့ အများဆုံးဖိအားက
Cut off pressure ထက်များနေရင် ချိန်လို့ရပေမယ့်

ရေပန့်ရဲ့ အများဆုံးဖိအားဟာ
Cut off pressure အောက်နည်းနေရင်တော့
ပြန်ချိန်လို့ရမှာ မဟုတ်ပါဘူး။
တပ်ထားလည်း မော်တာကရပ်နိုင်မှာမဟုတ်ပါ။

ရာဘာပြားအထိုင်ပေါ်မှာ link တစ်ခု ချိတ်ထားပြီး
စပရင်အနိမ့်အမြင့်ဖြစ်ရင် ဖွင့်ပိတ်လုပ်နိုင်စေဖို့
Contact point တစ်စုံ(သို့)တစ်ခုပါပါတယ်။
ဒီ contact point ကို မော်တာကွိုင်နဲ့ တန်းဆက်
(series) အနေအထားဆက်သွယ်ထားပြီး
စပရိန်အရုန်းအကြွမှာ မော်တာကို ဖွင့်ပိတ်လုပ်နိုင်စေဖို့
စီမံထားတာဖြစ်ပါတယ်။

ဒီလို pressure control switch တွေဘာ့ကြောင့်ပျက်တတ်ကြသလဲ။

1. ကြိမ်ဖန်များစွာ ဖွင့်ပိတ်လုပ်နေရခြင်း
2. အဝင်ဗို့အားနည်းအခြေအနေဖြစ်ခြင်း
3. ရာဘာပြားပေါက်ပြဲ​ခြင်း
4. ချိန်ညှိမှုလွန်ကဲသဖြင့်စပရင်အထိုင်နတ်ရစ်ပျက်စီးခြင်း
5. Contact point အပူလွန်ကဲလောင်ကြွမ်းခြင်း

ဒါတွေကြောင့်ဖြစ်တာများပါတယ်။

Auto pump တွေ မရပ်တဲ့ကိစ္စကြုံဖူးကြမှာပါ။
ရပ်လိုက်လည်လိုက်ခဏတိုင်းဖြစ်ခြင်း
တခါတလေ မော်တာ ဆန့်ငင်ဆန့်ငင်ဖြစ်ခြင်း
ဒီလိုတွေ ဖြစ်လေ့ရှိပါတယ်။
မရပ်ရတဲ့ အကြောင်းထဲမှာ
1. ရေထွက်ရေဝင်ပိုက် တလျှောက်တွင် ယိုစိမ့်မှုရှိခြင်း
2. ရေထွက်ပိုက် တလျှောက်တွင် လေခိုနေခြင်း
3. ရေအဝင်ပိုက်ဝတွင် ရှိသော ဗားမလုံခြင်း(သို့)မပါခြင်း
4. Cut off pressure တန်ဖိုးသည် မော်တာရဲ့ အများဆုံးရေဖိအားတန်ဖိုးထက်များနေခြင်း
ဒီလေးချက်ဟာ အဓိကပြဿနာတွေဖြစ်ပါတယ်။

ဒီလို Auto pressure switch တွေမှာ
အုပ်စုနှစ်ခုရှိပါတယ်။
အထိုင်အရစ်နေရာမှာ
အဖိုရစ်
အမရစ်
ဒီနှစ်မျိုးဖြစ်ပါတယ်။

တစ်မျိုးခြင်းစီမှာ
Cut in pressure
Cut off pressure တန်ဖိုးမတူညီတဲ့
မော်ဒယ်တွေလည်း အမျိုးမျိုးရှိဦးမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်
လိုအပ်လို့ အသစ်လဲမယ်ဆိုရင်တောင်
ဘော်ဒါတွေအနေနဲ့ အတိုင်းအတာတစ်ခုအထိ
တွေးတော့ရွေးချယ်လို့ရစေဖို့
မျှဝေတင်ပြလိုက်ပါတယ်ခင်ဗျ။