မင်္ဂလာပါခင်ဗျ။
ATS switch
အလိုအလျာက်မီးလိုင်းပြောင်းကိရိယာ
မီးစက်သုံးရင် စဉ်းစားရမယ့်အထဲမှာ ATS လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။
ATS ပါရင် စက်နိုးစက်ရပ်ကိစ္စတွေမှာ အတော်အလုပ်ရှုပ်သက်သာပါတယ်။
သူ့ရဲ့ လုပ်ငန်းစဉ်က epc လျှပ်စစ်မီးပျက်တဲ့အခါ သတ်မှတ်အချိန်တစ်ခုစောင့်ပြီး
မီးစက်ကို နိုးပေးနိုင်ပါတယ်။ မီးပြန်လာတဲ့အခါ သတ်မှတ်အချိန်တစ်ခုစောင့်ဆိုင်းပြီး
မီးစက်ကို ရပ်ပေးနိုင်ပါတယ်။
နောက်တစ်ခုက မီးလိုင်းပြောင်းလဲချိတ်ဆက်ခြင်းကိစ္စဆောင်ရွက်ပေးပါတယ်။
epc မီးပျက်တဲ့အခါ မီးစက်လိုင်းနဲ့ ဝန်အသုံးပြုလိုင်းကို ချိတ်ဆက်ပေးနိုင်ပါတယ်။
epc မီးပြန်လာတဲ့အခါ epc မီးလိုင်းနဲ့ ဝန်အသုံးပြုလိုင်းကို ပြန်လည်ချိတ်ဆက်ပေးပါတယ်။
epc မီးလိုင်းရဲ့ လျှပ်စစ်ဗို့အားကို အခြေခံပြီး မီးလိုင်းပြောင်းလဲ
အသုံးပြုနိုင်အောင် အလိုအလျာက်ဆောင်ရွက်ပေးတာပါ။
တချို့မီးစက်တွေမှာ အရွယ်အစားအလိုက် သင့်တော်တဲ့ ats နဲ့တပါတည်းဆင်လာကြတာများပါတယ်။
တချို့မီးစက်တွေမှာတော့ ATS ပါမလာပါဘူး။ မိမိတို့ အစီအစဉ်နဲ့သာ ပြန်လည်တပ်ဆင်ရမှာဖြစ်ပါတယ်။
ATS ရွေးချယ်မှုနဲ့ပတ်သက်လို့ သတိထားစရာတစ်ခုရှိပါတယ်။
မိမိကိုယ်တိုင်တပ်ဆင်တဲ့အခါ ATS ရဲ့ အမ်ပီယာအရွယ်အစားကို ဘယ်လိုရွေးမလဲဆိုတာပါပဲ။
မီးစက်အရွယ်အစားအရစံယူပြီးရွေးမလား။
စုစုပေါင်းအသုံးပြုဝန်အားကို စံယူပြီးရွေးမလားဆိုတာပါပဲ။
မီးစက်ဘယ်အရွယ်အစားဖြစ်ဖြစ် အသုံးပြုဝန်အားအလိုက်သာ စံယူပြီးရွေးချယ်သင့်ပါတယ်။
ဘာဖြစ်လို့ အခုလိုပြောသလဲဆိုရင်…..
မိမိစုစုပေါင်းသုံးမယ့် ဝန်အားပြည့်မှီအောင်တွက်ချက်ပြီး ဝယ်ထားတဲ့ မီးစက်ဆိုရင် ပြဿနာမရှိပါဘူး။
အရေးပေါ်မဖြစ်မနေသုံးအရတွက်ချက်ဝယ်ထားတဲ့ မီးစက်ဆိုရင်တော့ ATS ရဲ့ ခံနိုင်အမ်ပီယာဟာ
epc မီးပြန်လာလို့ ဝန်ကုန်သုံးတဲ့အခါ ရှိမယ့်အမ်ပီယာအောက်နည်းနေနိုင်ပါတယ်။
ဒီအခြေအနေမှာ ATS မနိုင်ဝန်လျှပ်စီးကြောင်းဖြစ်ပေါ်ပြီး ATS အပူလွန်ကဲမှုတွေကြောင့် သက်တမ်းတိုနိုင်ပါတယ်။
ဥပမာအားဖြင့်…
စုစုပေါင်း 100KVA အသုံးရှိတဲ့ လုပ်ငန်းတစ်ခုမှာ
အရေးပေါ်သုံးအတွက် မီးစက်ကို 50KVA လောက်သာဆောင်ထားတာမျိုးပေါ့။
အကြံပြုလိုတာက….
မီးစက်မှာ အော်ရီဂျင်နယ် ATS ပါပြီးသားဆိုရင် မီးလာသည်ဖြစ်စေ၊ ပျက်သည်ဖြစ်စေ
ပါတဲ့ ATS ရဲ့ ခွင့်ပြုအမ်ပီယာထက်ကျော်မသုံးဖို့ဖြစ်ပါတယ်။
ATS မပါလို့ ပြန်ဆင်မယ်ဆိုလည်း အသုံးပြုဝန်အားကိုသာစံယူပြီးရွေးချယ်ကြဖို့ အကြံပြုအပ်ပါတယ်ခင်ဗျ။
#ကျင်းလုံမြန်မာ