ဈေးဝယ် တော်တော်များများက Exhaust Fan တွေ
လာမေးတဲ့အခါကျရင် Exhaust Fanတွေရဲ့အချက်လက်တွေကိုအခြေခံပြီး မေးဝယ်တာမျိုးထက်
Fan ရဲ့ မော်တာအကောင်ရေကို မေးပြီးဝယ်ယူကြတာများပါတယ်.
User ကိုယ်တိုင်သည် ဒီလိုပစ္စည်းတွေနဲ့
မနီးစပ်သည့်အတွက်ကြောင့် ဖြစ်နိုင်သလို ဒီလိုမေးလာခဲ့ရင်လည်း
အရောင်းသမားဘက်က ကိုယ်လိုချင်တဲ့ အချက်လက်တွေသိနိုင်အောင်
ဈေးဝယ်ကို စစ်စစ်ပေါက်ပေါက်မေးရတဲ့ အခါမျိုးတွေရှိတတ်ပါတယ်။
တစ်ချို့ကတော့ ကိုယ်မေးတဲ့မေးခွန်းများကို skip ပြီးတော့
ကိုယ်သိထားတဲ့အချက်လက်လောက်ဘဲအခြေခံပြီးမေးသည့်အခါမှာ
မလိုလားအပ်သည့် အရောင်းမှားအဝယ်မှားတွေမဖြစ်ရလေအောင်
Exhaust Fan တွေဝယ်တဲ့အခါမှာ
ဘယ်လိုအချက်တွေထည့်သွင်းစဉ်းစားရမလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။
Exhaust Fan ဝယ်ယူရန်အတွက် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။
(၁)လေထွက်မမာဏ (Flow Rate)
Exhaust Fan မှ တစ်မိနစ်အတွင်း ထွက်သော လေထွက်ပမာဏ ကိုဆိုလိုပါတယ်။
အသုံးပြုမည့် အခန်း အကျယ်အဝန်းနှင့် လေဝင်လေထွက် လိုအပ်ချက် အပေါ်မူတည်၍
သင့်တော်သော CFM (သို့) m³/min လေထွက် ပမာဏကို ရွေးချယ်ရပါမယ်။
လိုအပ်တဲ့လေထွက်ပမာဏထက်နည်းသွားရင်လဲ မကောင်းမသလို
လောဘကြီးပြီး အကောင်ရေကြီးတာဝယ် လေထွက်ပမာဏများသွားရင်လဲမကောင်းပါဘူး။
ဘာတွေဖြစ်နိုင်လဲဆိုတော့ ရှိသင့်ရှိထိုက်သည့် လေထွက်ပမာဏထက်
Exhaust Fanက ထွက်တဲ့လေပမာဏက ပိုပြီးများနေတယ်ဆိုရင်
(၁)အခန်းရဲ့အပူချိန်ကို ထိန်းချုပ်ရခက်ခဲနိုင်ပါတယ်။
(၂)လျှပ်စစ်ဓါတ်အားလိုတာထက်ပိုကုန်ကျနိုင်ပါတယ်။
(၃)အသံဆူညံသံပိုပြီးမြင့်တက်နိုင်ပါတယ်။
(၄)Fanရဲ့လေထွက် ပမာဏများသည့်အတွက်ကြောင့် စိုထိုင်းဆမြင့်တက်နိုင်ပါတယ်
စသဖြင့် ကိုယ်မမြင်နိုင်တဲ့ပြသနာတွေ များစွာကြုံတွေရနိုင်ပါတယ်။
(၂)အသံဆူညံမှု (Noise Level)
Exhaust Fan၏ အသံဆူညံမှုတွေကို Decibel (dB) တန်ဖိုးဖြင့် ဖော်ပြပါတယ်။
တစ်ချို့သော Exhaust Fanတွေက လုပ်ငန်းတွေရဲ့ မတူကွဲပြားခြင်းတွေပေါ်မှာ အခြေခံပြီး
Fanတွေ ရဲ့တည်ဆောက်ပုံ ဒီဇိုင်းအရ အသံဆူညံမှု မြင့်မားသည့် Exhaust Fanတွေလဲရှိသလို
အသံဆူညံမှုနည်းပါသည့် Exhaust Fan တွေလဲရှိကြပါတယ်။
ဒါကြောင့်ကိုယ်အသုံးပြုမည့် အခန်းရဲ့ပတ်ဝန်းကျင်အနေထားနဲ့ လိုက်ရောညီထွေဖြစ်မည့်
Fan Type ကိုရွေးချယ်သင့်ပါတယ်။
(၃)အမျိုးအစားရွေးချယ်မှု (Fan Type)
Exhaust Fanတွေကို များသောအားဖြင့် အမျိုးအစားများစွာခွဲခြားသိနိုင်ပါတယ်။
ကိုယ်သုံးပြီးနေရာပေါ်မှာမူတည်ပြီး အမျိုးအစားမှန်ကန်သည့် Exhaust Fanတစ်လုံးကို
ရွေးချယ်တတ်ရန်အလွန်အရေးကြီးပါတယ်။ ဉပမာ- အပူဓါတ်နှင့်စိုထိုင်းဆမြင့်မားသောနေရာများတွင်
Centrifugal Exhaust Fanများကိုသာအသုံးပြုသင့်ပြီး
ရေချိုးခန်း ၊ အိမ်သာ ၊ မီးဖိုချောင် အစရှိတဲ့နေရာမျိုးများမှာတော့ အသံဆူညံမှုသက်သာပြီး
နည်းပညာလဲအားသာချက်ရှိသည့် Wall-Mounted Exhaust Fanတွေ
Ceiling-Mounted Exhaust Fanတွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။
ဒါကြောင့် ကိုယ်အသုံးပြုမည့် နေရာပေါ်မှာမူတည်ပြီး ဘယ်လို Exhaust Fanအမျိုးအစားကို
ရွေးချယ်ရမလဲဆိုတာလဲသိသင့်ပါတယ်။
(၄)အခန်းတစ်ခန်းအတွက်လိုအပ်သည့်လေပမာဏကိုတွက်ချက်ခြင်း
ဒီအချက်ကတော့ စံသတ်မှုကိန်းဂဏန်းများအရ အယူအဆမျိုးမျိုး
တွက်ချက်မှုပုံစံအမျိုးမျိုးကွဲပြားသော်လည်း အခြေခံအားဖြင့်
အောက်ပါနည်းအတိုင်းတွက်ယူနိုင်ပါတယ်။
ဒီနေရာမှာ လေအေးပေးစက်တွေ တပ်ဆင်မယ်ဆိုရင်တောင်
အခန်းအရွယ်အစားနဲ့ BTU(British Thermal Unit) ကိုတွက်ယူရသလို
Exhaust Fan ကိုတပ်ဆင်တဲ့အခါမှာ တွက်ချက်ဖို့လိုပါတယ်။
မည်သို့ပင်ဖြစ်စေ လေအေးပေးစက်တွေဖြစ်ဖြစ်၊ Exhaust Fanတွေဘဲဖြစ်ဖြစ်
အခန်းထဲမှာရှိနေတဲ့အပူချိန်ရယ် ၊ အခန်းတစ်ခန်းမှာရှိမှာတဲ့ အပူထုတ်လွှတ်မှုများတဲ့
ပစ္စည်းတွေပေါ်မှာအခြေခံပြီး BTUတန်ဖိုးတွေ ၊ APCH တန်ဖိုးတွေ
ပြောင်းသွားနိုင်တာကို နားလည်ရပါမယ်။
Exhaust Fan တွေကို တွက်သည့်အခါမှာ Formula အနေနဲ့ကတော့
CFM = (sqft x ACPH ) / 60 ဆိုသည့် ပုံသေနည်းဖြင့်တွက်ချက်နိုင်ပါတယ်။
ဒီနေရာမှာ sqft သည် စတုန်းရန်ပေကိုရည်ညွန်းတာဖြစ်ပြီး
60ဆိုသည်မှာ (တစ်နာရီ (သို့) တစ်မိနစ် ) ကိုယ်စားပြုတာဖြစ်ပါတယ်။
ACPH သည် နာရီအလိုက်လေပြောင်းလဲနှုန်း
(Air Changing Per Hour) ကိုရည်ညွန်းတာဖြစ်ပါတယ်။
တစ်ချို့နေရာများတွင် ACPHတန်ဖိုးကို အတိအကျသတ်မှတ်လို့ရနိုင်ပြီး
တစ်ချို့နေရာများတွင် ပုံသေမှတ်ယူလို့မရနိုင်ပါဘူး။
ဥပမာအားဖြင့် – အိပ်ခန်း နှင့် မီးဖိုချောင်ရဲ့ ACPH ရဲ့တန်ဖိုးနှစ်ခု
မတူနိုင်တာကိုသတိချပ်သင့်ပါတယ်။
ပုံသေမှတ်ယူနိုင်သည့်နေရာတွေကတော့ ယေဘူယျအားဖြင့်-
Office Space: 4-6 ACH
Bathroom: 8-12 ACH
Kitchen: 10-15 ACH
Garage: 6-10 ACH အစသဖြင့်အခန်းရဲ့
အကျယ်အဝန်းပေါ်မှာအခြေခံပြီး ယေဘူယျမှတ်ယူနိုင်ပါတယ်။
ဒါကြောင့်အထက်ပါ အချက်အလက်များကိုအခြေခံပြီး ဘယ်လောက်လေထွက်ပမာဏရှိသည့်
Exhaust Fanကို အသုံးပြုရမလဲဆိုတာ အကြမ်းဖျင်းအားဖြင့်
တွက်ချက်နိုင်မှာဘဲဖြစ်ပါတယ်။
ဒါကြောင့် Exhaust Fan (သို့) Blower တစ်လုံးဝယ်ယူတော့မည်ဆိုလျှင်
လိုအပ်သလို ဆင်ခြင်သုံးသပ်၍ လေပူလေအေး လေဖလှယ်ခြင်း လုပ်ငန်းများအတွက်
အဆင်ပြေကြပါစေကြောင်း နှင့် တစ်စုံတစ်ခုမှားယွင်းခဲ့ရင်လဲ
ကျွန်တော်ရဲ့ လေ့လာမှုအားနည်းချက်ကြောင့်သာတင်ပြရင်း
အကြံပြုတင်ပြလိုက်ပါ။
#ကျင်းလုံမြန်မာ
#ProductKnowledge
#ExhaustFan
#ဗဟုသုတ