Knowledge

Generator wireless remote

Generator wireless remote

အိမ်သုံးဓာတ်ဆီမီးစက်ကို
Wireless Remote control ပါတာသုံးရင်သတိထားရမယ့်
အချက်တွေရှိတယ်။

မီးပျက်ပြီဆိုတဲ့အခြေအနေကနေစဉ်းစားကြည့်ရအောင်...

မီးပျက်ပြီဆိုတာနဲ့ အိမ်တွင်းဘုတ်ခုံ
ချိန်းအိုဗာခလုတ်ကို အရင်မချိန်းသင့်ဘူး။
မီးစက်အရွယ်အစားအလိုက် တစ်အိမ်လုံးစာအရွယ်သုံးထားတာမဟုတ်ရင် load များတာတွေ အရင်လိုက်ပိတ်ရမယ်။
တစ်အိမ်လုံးစာနိုင်နင်းတဲ့ မီးစက်အရွယ်ဆိုရင်တော့လည်း
တခါတည်း မီးစက်ဘက်တန်းချိန်းပေါ့ဗျာ။
ပြီးမှ remote နှိပ်ပြီး မီးစက်နိုးပါ။
မီးစက်မှာပါတဲ့ ဘရေကာခလုတ်ကတော့ တခါတည်းသာ
ON ထားပေတော့။
နောက်တစ်ခုက တိုင်ကီဆီဂေါက်
သူလည်းအမြဲဖွင့်ထားရမှာပဲ။
မဟုတ်ရင် ဘရေကာအတွက်ရယ်၊ ဆီဂေါက်အတွက်ရယ်က
စက်နားပြေးနေရမှာကိုး။
ဒီတော့ remote ပါတာမြင်ငတ်ကြီးဖြစ်နေတော့မှာလေ။
အဲ့ဒါကြောင့် ဒီနှစ်ခု အမြဲဖွင့်ထား။
သော့လည်းတစ်ထစ်အမြဲဖွင့်ထားရမှာပဲ။
ဒါမှ remote signal က active ဖြစ်မှာကိုးဗျ။
မီးစက်က ဘက္ထရီနည်းနည်းပါးပါးပိုစားလည်း မတတ်နိုင်ဘူးလေ။

ဓာတ်ဆီမို့ ယိုစိမ့်မှုကြောင့်မီးဘေး
မဖြစ်အောင် စက်မသုံးတဲ့အခါ ဆီဂေါက်ပိတ်ထားရလေ့ရှိတဲ့
အစဉ်လာလည်း ခဏမေ့ထားရမယ့်သဘောပဲ။

သုံးထားတဲ့ load တွေမညှိပဲ ချိန်းအိုဗာအရင်တင်ပြီး
မီးစက်နိုးမယ်ဆိုရင် စက်ဟာ starting မှာဝန်နဲ့ထနေရမယ်။
သတ်မှတ်လည်ပတ်အားမရောက်ခင် frequencyနဲ့ ဗို့အားနိမ့်အခြေအနေတစ်ခုကို ဖြတ်ရမယ်။
AVR ပါတဲ့စက်ဆိုရင် ဒင်းသက်တမ်းတိုပြီလေ။
ကြုံဖူးတာပြောဦးမယ်
AVR တွေက ပျက်ပြီဆိုရင် အခြေအနေသုံးခုကြုံဖူးတာရှိတယ်။

1️⃣မီးပျောက်သွားခြင်း
2️⃣မီးထွက်နည်းသွားခြင်း(50VAC ဝန်းကျင်)
3️⃣ဗို့အားမထိန်း‌တော့ပဲဗို့အားမြင့်ထွက်ခြင်း(300VAC ဝန်းကျင်)

ဒီသုံးချက်မှာ နံပါတ် (1 နဲ့ 2) ပဲလက်ခံလို့ရတယ်။
3 ဆိုရင် အိမ်ထဲကမီးလုံးတွေ တောင်းထဲဖြုတ်ထည့်ရုံပဲ😁
ဖြတ်စက်ခံမထားရင် TV လည်းအဖော်ပါသွားနိုင်သေးတယ်နော်။
ဘယ်နည်းနဲ့ AVR card ပျက်တာကြုံဖူးကြလဲ မန့်ခဲ့ကြဦး။
စာဖတ်ပရိတ်သတ်တွေအတွက် ဗဟုသုတပေါ့။

Remote ပါပြီဟေ့ဆိုတာနဲ့
အိမ်ယာထဲကနေ ON/OFF
နှိပ်ရုံလောက်ပဲတွေးနေမှာစိုးလို့ပြောတာ😏

ကဲ.…မီးစက်သုံးနေရင်း မီးပြန်လာတဲ့
အခြေအနေတခုမှာစဉ်းစားကြည့်ကြဦးစို့‌...🤔🤔🤔

ချိန်းအိုဗာကိုအရင်ချိန်းပါ။
ပြီးမှ မီးစက်ကိုရပ်ပါဗျာ။
ဝန်သုံးရင်း စက်ရပ်တဲ့အခါ volt နဲ့ frequency
ဖြည်းဖြည်းချင်းကျတယ်။
မီးတွေ (မှိတ်တုတ်)² နဲ့ ရပ်သပေါ့လေ။
ဒီတော့သုံးထားတဲ့ လျှပ်စစ် ပစ္စည်းတွေလည်းနာမယ်။
မီးစက်ဒိုင်နမိုမှာရှိတဲ့ AVR လည်းနာမယ်။
AVR ထိရင် အထက်ကသုံးချက်ပြန်ဖတ်။

မီးရေးထင်းရေးစိတ်ချင်ချင်ရင်တော့
တိုင်ကီကဆီဂေါက်သွားပိတ်ပေါ့ဗျာ...😁😁😁

အထက်ကကိစ္စတွေ အတွက် ခေါင်းမစားချင်ဘူးဆိုရင်တော့
ATS ဘက်လှည့်ရုံပဲ။
မီးစက်အရွယ်ကတော့ မီးလာတဲ့အခါပုံမှန်သုံးအားလုံးနိုင်နင်းတဲ့ အရွယ် ကြိုတွက်ထားပေါ့လေ။
စရိတ်တော့သုံးရမှာပေါ့ဗျာ။

မဖြစ်မနေသုံးဖို့အတွက်ကတော့ အောက်ကအချက်လေးတွေ
လိုက်နာရင် အဆင်ပြေမယ်ဗျ။

#မီးစပျက်ချိန်
မီးစက်အရင်နိုး အချိန်ခဏစောင့်
ပြီးရင် ချိန်းအိုဗာခလုတ်ကို မီးစက်ဘက်ချိန်း
ဆီတော့ ကြိုဖြည့်ထား။
မီးစက်က main switch ကြိုဖွင့်ထား။
သော့နိုးဆိုရင် တစ်ထစ်လှည့်ထား။

#မီးပြန်လာချိန်
ချိန်းအိုဗာခလုတ်ကို EPC ဘက်အရင်ချိန်း
ပြီးမှ စက်ရပ်

မီးပျက်လိုက်လာလိုက်ဖြစ်နေရင်
Remote controller လေးကိုင်ပြီး
လူကချိန်းအိုဗာဘုတ်ခုံနားထိုင်နေ😁
မဟုတ်ရင် ဘုတ်ခုံကိုအိမ်ယာဘေးနားရွေ့ထား😏😏😏

ဪ...
ရှိဒုက္ခ
မရှိဒုက္ခ
အနိစ္စ
အနိစ္စ
အမြဲမရှိပါတကား....😁😁😁