Knowledge

How to choose a pump

How to choose a pump

#ရေစုပ်ပန့်လား / #ခဲစုပ်ပန့်လား 
#မသဲကွဲဘူး .... 😀😀😀 
ဘယ်လိုစက်ပစ္စည်းကိုမဆို အသုံးပြကြတဲ့အခါ 
အရွယ်အစား အမျိုးအစားအလိုက် အကန့်အသတ်တွေရှိတယ်။ 
ဒီအနားသတ်တွေကို မဝယ်ခင်ကတည်းက 
ကြိုတင်တွက်ဆထားနိုင်ဖို့လိုပါတယ်။ 
ပုံပါရေပန့်အရ အစကောက်ပြီးပြောရရင် 
ရေပန့်တစ်လုံးအသုံးပြုကြတဲ့အခါ... 
1. ရေအမျိုးအစား 
2. စုပ်တင်အမြင့် 
3. တွန်းတင်အမြင့် 
4. ရေထွက်ပမာဏ 
5. စွမ်းအင်ပေးသွင်းမှု 
6. ဈေးနှုန်း 
7. အာမခံအတိုင်းအတာ 
8. အပိုပစ္စည်း 
9. ပြုပြင်ဝန်ဆောင်မှု 
အထက်ပါ (၉) ချက်ဟာ မဖြစ်မနေစဉ်းစားရမယ့်အထဲမှာပါတယ်။ 
လူ အမျိုးမျိုးကြုံဖူးတယ်။ 
တစ်ချက်နှစ်ချက်လောက်နဲ့ပြီးသွားသူတွေ 
ဒီထက်ပိုပြီးစေ့စပ်သေချာတဲ့သူတွေ အမျိုးမျိုးပါပဲ... 
ဘယ်လိုပဲဖြစ်ဖြစ် ငွေပေးဝယ်ရင် ပစ္စည်းတစ်ခုရတယ်ဆိုပေမယ့် 
ရေရှည်အတွက် မလိုလားအပ်တဲ့ အပိုကုန်ကျစရိတ်နဲ့ 
လုပ်ငန်းအနှောက်အယှက်မဖြစ်စေဖို့အတွက်ကတော့ 
ကြိုတင်တွက်ဆထားလေ ကောင်းလေပါပဲ.... 
တစ်ခုချင်းပြန်ရှင်းရရင်..... 
၁. #ရေအမျိုးအစား 
ရေကြည်ရေသန့်လား 
ပူတဲ့ရေလား/အေးတဲ့ရေလား 
ပူရင် ဘယ်လောက် ဒီကရီစင်တီဂရိတ်အထိပူတာလဲ 
အစိုင်အခဲတွေ အမှိုက်တွေပါတဲ့ရေနောက်တွေလား 
ရွှံ့ရေတွေလား 
စေးပျစ်တဲ့အရည်တွေလား 
အညှိတက်ပွန်းစားတတ်တဲ့ ဓာတုအရည်တွေလား 
ရေပန့်တွေဟာ အရည်အားလုံးအတွက်ထုတ်လုပ်ထားတာ 
မဟုတ်တာသတိချပ်ရပါမယ်။ သူ့နေရာနဲ့သူပါ။ 
တဆက်တည်းမှာ တပ်ဆင်အသုံးပြုမယ့်နေရာဟာလည်း 
ပန့်အတွက်သင့်တော်တဲ့ အခင်းအကျင်းဖြစ်ဖို့လိုပါတယ်။ 
၂. #စုပ်တင်အမြင့် 
ကိုယ်စုပ်ယူလိုတဲ့ ရေမျက်နှာပြင်နဲ့ 
ရေစုပ်စက်ထားမယ့်နေရာရဲ့ ဒေါင်လိုက်အကွာအဝေးဟာ 
ရေစုပ်စက်ပါတံဆိပ်ပြားစွမ်းဆောင်ရည်နဲ့ ကိုက်ညီသင့်တော်မှုရှိရဲ့လား 
စုပ်ပိုက်ဆင်တဲ့အခါ ပိုက်ကွေး 
အနည်းဆုံးဖြစ်ရမယ်ဆိုတဲ့ အယူအဆကိုရော သတိထားမိလား 
ကိုယ်သုံးမယ့် စုပ်ပိုက်အရွယ်ကရော မူရင်းပန့်ပါ အချင်းနဲ့ ကိုက်ညီသင့်တော်ရဲ့လား 
၃. #တွန်းတင်အမြင့် 
တွန်းတင်လိုတဲ့ ရေအမြင့် ဒေါင်လိုက်အကွာအဝေးကရော 
ရေစုပ်စက်ပါတံဆိပ်ပြားစွမ်းဆောင်ရည်နဲ့ ကိုက်ညီသင့်တော်မှုရှိရဲ့လား 
ပိုက်ကွေးအနည်းဆုံးဖြစ်ရမယ်ဆိုတဲ့ အယူအဆကိုရော သတိထားမိလား 
ရေထွက်ပိုက်အရွယ်ကရော မူရင်းပန့်ပါ အချင်းနဲ့ ကိုက်ညီသင့်တော်ရဲ့လား 
၄. #ရေထွက်ပမာဏ 
ရေတင်/ရေစုပ်ထုတ်ကြတဲ့အခါ ရေထွက်ပမာဏ တစ်နာရီကို 
ဘယ်နှစ်ဂါလံ ဘယ်လောက်လိုချင်သလဲ 
အချိန်တိုအတွင်း လုပ်ငန်းပြီးလေ အဆင်ပြေလေပဲမို့လား 
လိုချင်တဲ့ပမာဏကများပြီး သုံးထားတဲ့ ပန့်ကသေးနေရင် 
အချိန်အကြာကြီးမရပ်မနားသုံးတဲ့အခါ ပစ္စည်းသက်တမ်းတိုမယ်။ 
လိုချင်တဲ့ပမာဏကခပ်နည်းနည်း သုံးတဲ့ကကြီးနေရင်လည်း 
မီးအားနဲ့ ကနဦးဝယ်ယူရေးကုန်ကျစရိတ်ကြီးနေမယ်။ 
အပိုစရိတ်တွေ မကုန်စေဖို့ သတိချပ်ရပါမယ်။ 
၅. #စွမ်းအင်ပေးသွင်းမှု 
မော်တာနဲ့ သုံးမယ့်ရေပန့်ဆိုရင် 
အဝင်မီးအားဘယ်လောက်လိုသလဲ 
ဝါယာကြီုးအရွယ်အစား ဘယ်လောက်သုံးမလဲ 
ဗို့အားအနည်းအများကာကွယ်မှု အတွက် ဘယ်လိုစနစ်သုံးမလဲ 
ရေမပါပဲမောင်းမိတာမျိုးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ 
လောင်စာဆီနဲ့မောင်းတာဆိုရင်လည်း 
လောင်စာဆီ/ ချောဆီ အမျိုးအစားမှန်ကန်မှု၊ သန့်ရှင်းမှု 
ဂရုစိုက်ရပါမယ်။ 
သေချာတာကတော့ ဘယ်ရေပန့်ထုတ်လုပ်သူကမှ 
DRY RUN ခွင့်မပြုဘူးဆိုတာပါပဲ။ 
၆. #ဈေးနှုန်း 
ဒါကတော့ မိမိလက်နိုင်ခြေနိုင်ဖြစ်တာရွေးချယ်ဖို့ပါပဲ 
သာမန်အခြေအနေတစ်ခုမှာ ဈေးပေါတယ်ဆိုရင် ပစ္စည်းအရည်အသွေးနည်းမယ်ဆိုတာပါပဲ။ 
အရည်အသွေးတူပစ္စည်းနှစ်ခုမှာ အရေအတွက်နည်းလို့ ဈေးများတာရှိနိုင်သလို 
အရေအတွက်များလို့ ဈေးသက်သာတာလည်းရှိနိုင်ပါတယ်။ 
ဈေးတန်းနဲ့ ပစ္စည်းအရည်အသွေးစစ်ဆေးဖို့ကတော့ ONLINE ပေါ်မှာ ရေကူးသင်တန်းတက်သလိုမရနိုင်ပါဘူး။ 
အသားအနားဟာ မျက်မြင်ကိုင်ကြည့်ပြီးစစ်ဆေးတာ အကောင်းဆုံးပါ။ 
တနည်းတော့ရှိတယ်... 
တင်သွင်းဖြန့်ဖြူးတဲ့ ကုမ္ပဏီ/ အရောင်းဆိုင်ရဲ့ သမာသမတ်ကျမှုနဲ့ 
နာမည်ကောင်း (awareness) အပေါ်မှာကြည့်ပြီး ဆုံးဖြတ်ရင်လည်းရနိုင်ပါတယ်။ 
၇. #အာမခံအတိုင်းအတာ 
ဒါလည်းလိုအပ်ပါတယ်။ မှန်ကန်စနစ်ကျစွာအသုံးချပေမယ့်လည်း 
အချိန်မတန်ခင် ပျက်စီးတတ်တာမျိုးတွေရှိနိုင်ပါတယ်။ 
လောကမှာ လူလုပ်ထားတဲ့ ဘယ်ပစ္စည်းမဆို လွဲချော်မှုဆိုတာရှိတတ်ပါတယ်။ 
ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ အသုံးပြုသူ တွေဟာလည်း လူသားတွေပါပဲ။ 
NO ONE IS PERFECT ရယ်လို့ ဆိုစကားရှိတယ်မို့လား။ 
စက်လောကထဲကစကားနဲ့ ပြောရင် (PRODUCT ERROR)ပါ။ ဒါမျိုးနဲ့ကြုံခဲ့ရင် စားသုံးသူနစ်နာပါတယ်။ 
PRODUCT ERROR ဆိုတာ စသုံးသုံးချင်းနာရီပိုင်းအတွင်းမှာ 
ကြုံရတာရှိနိုင်သလို၊ ရက်ပိုင်း၊ လပိုင်းအချိန်တိုအတွင်းမှာလည်း ဖြစ်နိုင်ပါတယ်။ 
ဒါ့ကြောင့် ထုတ်လုပ်/ဖြန့်ဖြူးသူများဟာ အချိန်ကာလတစ်ခုသတ်မှတ်ပြီး အာမခံပေးတာဖြစ်ပါတယ်။ 
ဘယ်အာမခံမဆို (USER ERROR) အသုံးပြုသူရဲ့ မှားယွင်းမှုတွေအတွက် တာဝန်ယူလေ့မရှိပါ။ 
ဒါကို အမြဲသတိချပ်ပါ။ 
အာမခံတွေရဲ့နောက်မှာ စည်းမျဉ်းစည်းကမ်း (RULES & REGULATIONS) ဆိုတာပါစမြဲပါပဲ။ 
စည်းမျဉ်းစည်းကမ်းဆိုတာ သတ်မှတ်ထားတဲ့ သက်ရောက် 
အဝန်းအဝိုင်းအတွင်းမှာ မဖြစ်မနေလိုက်နာရတာမျိုးပါ။ 
မလိုက်နာနိုင်လို့မရပါဘူး။ 
၈. #အပိုပစ္စည်း 
ပျက်စီးတတ်တဲ့လောကသဘာဝအရ အချိန်တန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ ပျက်စီးခဲ့ရင် 
အချိန်တိုအတွင်းစရိတ်သက်သက်သာသာနဲ့ ပြန်ကောင်းဖို့ အပိုပစ္စည်းဆိုတာလည်း အရေးပါပါတယ်။ 
ဒါ့ကြောင့် အပိုပစ္စည်းကိစ္စကိုလည်း ဘယ်နည်းဘယ်ပုံဘယ်လို ရအောင်ဖန်တီးပေးနိုင်သလဲဆိုတဲ့ အနေအထားတစ်ခု 
သိထားဖို့လိုပါတယ်။ သက်ဆိုင်ရာပစ္စည်း ဖြန့်ဖြူးရောင်းချသူရဲ့ အခြေအနေကြည့်ဖို့လိုပါတယ်။ 
၉. #ပြုပြင်ဝန်ဆောင်မှု 
မိမိရဲ့ လက်ရှိလုပ်ငန်းနဲ့ ပစ္စည်းပြုပြင်မှုဆိုင်ရာကိစ္စဟာ ထပ်တူကျတာရှိနိုင်သလို မကျတာလည်းရှိနိုင်တယ်။ 
များသောအားဖြင့် မကျတာများပါတယ်။ ဒီတော့ ပျက်ယွင်းတဲ့အခါ ဘယ်မှာပြင်မှာလဲ၊ ဝယ်တဲ့ဆိုင်မှာ ပြုပြင်ဝန်ဆောင်မှုရှိသလား။ 
ဝယ်တဲ့ဆိုင်မှာပြုပြင်ဝန်ဆောင်မှု မရှိရင်တောင် ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခုကို ဦးဆောင်ညွှန်ပြနိုင်သလား။ 
ဒီအချက်တွေစဉ်းစားဖို့လိုပါတယ်။ 
ကျွန်တော်တို့ ကျင်းလုံမြန်မာမှာ ရေပန့်တွေနဲ့ ပတ်သက်လို့ 
အမျိုးမျိုး အမှတ်တံဆိပ်တွေ 
အမျိုးမျိုးသော အရည်အသွေးတွေ 
အမျိုးမျိုးသော ဈေးနှုန်းတွေ 
ပစ္စည်းအမျိုးအစားအလိုက် မတူညီသော အာမခံအတိုင်းအတာတွေနဲ့ အတူ မိတ်ဆွေတို့ စိတ်တိုင်းကျ 
ရွေးချယ်နိုင်အောင် တင်သွင်းဖြန့်ဖြူးထားပါတယ်။ 
#လက်လီလက်ကားရရှိနိုင်ပါတယ်