Pressure unit conversion table
ခုတင်ပြဆွေးနွေးချင်တာကတော့ဖိအား (pressure) အကြောင်းပဲဖြစ်ပါတယ်။
ဖိအားဆိုတာကို နှစ်မျိုးခွဲခြားထားပါတယ်။
1. gauge pressure
2. absolute pressure
ဆိုပြီးတော့ဖြစ်ပါတယ်။
ကျွန်တော်တို့နေထိုင်တဲ့ ကမ်ဘာကြီးမှာ လေထုအလွှာတွေရှိပါတယ်။ ဒီလေထုဟာ အရာအားလုံးကို ဖိထားတာဖြစ်ပါတယ်။
အပေါ်ကို မြင့်တက်သွားလေ ဖိအားဟာ လျော့သွားလေဖြစ်ပါတယ်။
ဒါ့ကြောင့် သိပ္ပံပညာရှင်များဟာ ဖိအားကို စံသတ်မှတ်ချက် တစ်ခုထားခဲ့ကြပါတယ်။
အဲ့ဒါကတော့ ပင်လယ်ရေမျက်နှာပြင် နဲ့တစ်တန်းတည်းရှိတဲ့ နေရာကိုရွေးပြီး ကမ်ဘာ့လေထုဖိအား
14.7 psi ဆိုတာကို တညီတညွတ်တည်း ယနေ့အထိ သတ်မှတ်ထားကြတာဖြစ်ပါတယ်။
1 ATM (atmospheric pressure) လို့ခေါ်ပါတယ်။
ဒါ့ကြောင့် 1ATM=14.7 PSI ဖြစ်ပါတယ်။
volume constant မှာ ဖိအားဟာ အပူချိန်နဲ့တိုက်ရိုက်ပတ်သက်မှုလည်းရှိပါသေးတယ်။
အခြေခံ အဆင့်ဖြစ်ပဲပြောလိုတာမို့ ချန်ထားခဲ့ပါမယ်။
မဟုတ်ရင် ရှုပ်သွားနိုင်ပါတယ်။
ဈေးကွက်ထဲက pressure gauge (လေဖိအားပြမီတာ)တွေ ဟာ အလွတ်ဆိုရင် သုည အမှတ်ကိုသာညွှန်ပြထားတာဖြစ်ပါတယ်။
ဖိအားတစ်ခုခုဝင်လာမှ တန်ဖိုးတက်လာမှာဖြစ်ပါတယ်။
ဒါဟာ gauge pressure ဖြစ်ပါတယ်။
gauge pressure ကို ခုနကပြောခဲ့တဲ့
ကမ္ဘာ့လေထုဖိအား ထပ်ပေါင်းထည့် လိုက်မယ်ဆိုရင် absolute pressure ဖြစ်ပါတယ်။
ကျွန်တော်တို့မွေးလာကထဲက လေထုဖိအားအောက်မှာ ရှင်သန်ခဲ့ရတာဖြစ်ပါတယ်။
ဗဟုသုတအနေနဲ့ပြောရရင် ပျမ်းမျှ ဖွံ့ဖြိုးပြီး လူတစ်ယောက်ရဲ့ အပေါ်ကို ဖိထားတဲ့ဖိအားဟာ တန် ၂၀ ဝန်းကျင်အထိရှိပါတယ်။
လူ ့အရေပြား မျက်နှာပြင်အပေါ်ကို အခြေခံပြီး တွက်ထားတာဖြစ်ပါတယ်။
ဖိအားကိုတွက်ထုတ်ဖို့ ဖော်မြူလာရှိပါတယ်။
P=F/A ဖြစ်ပါတယ်။
P= ဖိအား
F=သက်ရောက်အား၊
A= အားသက်ရောက်ခံရသော ဧရိယာ
နောက်ဆုံးတွက်ထုတ်လို့ရလာတဲ အခါမှာ ယူနစ်ဟာ အသုံးပြုစနစ်အပေါ်မှာမူတည်ပြီး အမျိုးမျိုးထွက်လာနိုင်ပါတယ်။
ဥပမာ။ ။PSI(pound per square inches), kg/cm2
စသည်ဖြင့် အသုံးပြုစနစ်အပေါ် မူတည်ပြီး ယူနစ်ကတော့အမျိုးမျိုးဖြစ်နိုင်ပါတယ်။
သက်ရောက်တဲ့အားအလေးချိန် ကို တည်၊ အားသက်ရောက်ခံရတဲ့ ဧရိယာနဲ့ စားထားတဲ့ တန်ဖိုးဆိုလည်းမမှားဘူးပေါ့ဗျာ။
1 psi ဆိုတာက တစ်လက်မပတ်လည်ဧရိယာ အပေါ်ကို တစ်ပေါင်အား အလေးချိန်ဖိထားတာဖြစ်ပါတယ်။
1 kg/cm2 ဆိုတာက တစ်စင်တီမီတာပတ်လည် ဧရိယာ အပေါ်ကို တစ်ကီလိုဂရမ်အား အလေးချိန်ဖိထားတာဖြစ်ပါတယ်။
ဒီလောက်ဆိုရင် pressure ဆိုတာကို ယူနစ်ကြည့်ပြီး နားလည်လောက်ပြီ ထင်ပါတယ်။
နောက်ထပ် pressure ယူနစ်တစ်မျိုးရှိပါသေးတယ်။
Inch of water(in.H2O)
Feet of water(ft.H2O)
ဒီနှစ်ခု ကတော့ လက်မနဲ့ပေဆိုတာပဲကွာပါတယ်။
ပိုက်လုံး သို့မဟုတ် ကန်ထဲက ရေရဲ့ အမြင့်ကို ဆိုလိုတာဖြစ်ပါတယ်။
အရှည်တူပြီး အချင်းမတူတဲ့ ပိုက်နှစ်လုံးကို ထောင်ထားပါ။
ရေ အပြည့်ဖြည့်ပါ။ အောက်ခြေမှာ ဖိအားတိုင်းကြည့်ပါ။ အတူတူပဲ ဖြစ်ပါတယ်။
ရေထုထည်ပဲ ကွာတာတွေ့ရမှာဖြစ်ပါတယ်။
ထည့်တဲ့ရေရဲ့
သိပ်သည်းဆ တော့တူရမှာဖြစ်ပါတယ်။
နောက်ထပ်ယူနစ်တွေ လည်းရှိပါသေးတယ်။
ဒီလောက်ဆိုရင် လုပ်ငန်းလမ်းကြောင်းပေါ်မှာ ကောင်းကောင်း အဆင်ပြေပါပြီ။
ဒီယူနစ်တွေကို ဇယားပေါ်မှာ လိုအပ်သလို ပြောင်းယူတတ်ဖို့ပဲ လိုပါတယ်။
ဇယားအသုံးပြုပုံကတော့
၁။ မိမိသိထားတဲ့ ယူနစ်ကို အရင်ဆုံးရှာရမှာဖြစ်ပါတယ်။
၂။ တွေ့ပြီဆိုရင် ဒေါင်လိုက်လမ်းကြောင်းကနေ အောက်ကိုသွားပြီး (no.1) နေရာမှာထောက်ထားပါ။
၃။ ပြီးရင် မိမိပြောင်းလိုသိလိုတဲ့ ယူနစ်ကွက်ရှိရာကို အလျားလိုက်သွားပါ။
၄။ တန်ဖိုးတစ်ခုတွေ့ပါလိမ့်မယ်။
၅။ မိမိသိထားတဲ့ပထမဆုံး ယူနစ်ရဲ့တန်ဖိုးနဲ့ အမှတ်စဉ်(၄) မှာ တွေ့ထားတဲ့ တန်ဖိုးနဲ့ မြှောက်ရမှာဖြစ်ပါတယ်။
၆။ နောက်ဆုံးမြှောက်လိုရတဲ့ တန်ဖိုးဟာ မိမိသိလိုတဲ့ ဖိအားရဲ့ တန်ဖိုးတူ ယူနစ်ကွဲဖြစ်ပါမယ်။
ဥပမာ တစ်ခုတွက်ပြပါမယ်။
40 psi မှာ ဘယ်လောက် kg/cm2 ရှိသလဲရှာပါ။
40 psi အောက်က 1 နေရာကနေ ရှာရင် kg/cm2 အောက်မှာ 0.07031 ဆိုတာတွေ ့ပါမယ်။
ဒါ ့ကြောင့် (40×0.07031)=2.8124 kg/cm2 ဆိုတာရပါတယ်။
40 psi=2.8124 kg/cm2 ဆိုတဲ ့ အဖြေရမှာဖြစ်ပါတယ်။
နောက်ထပ်ဥပမာတစ်ခု ထပ်တွက်ကြည့်ရအောင်ပါ။
40psi ဆိုရင် ရေစင်အမြင့် ပေဘယ်လောက်ထားရမလဲ။
ဇယားမှာ psi နေရာ 1 ရှိတဲ့နေရာမှာ လက်ထောက်ထားပါ။ ရှာချင်တဲ့ ရေအမြင့်(ပေ)ကို အလျားလိုက်သွားပါမယ်။
ဒီနေရာမှာ ပေ ကိုတိုက်ရိုက်သွားလို့မရတော့
ရေအမြင့်(လက်မ) in.H2O ဆိုတဲ့နေရာရောက်ရင်ရပ်လိုက်ပါ။
ဇယားမှာ27.68 လက်မတန်ဖိုးတွေ့ပါမယ်။
ဒီတော့ ရေအမြင့် 27.68 လက်မရဲ့ အခြေဖိအားဟာ
1psi လို့သဘောပေါက်ရမှာဖြစ်ပါတယ်။
လိုချင်တာက 40psi ရဲ့ ရေအမြင့်ဖြစ်လို့
40×27.68=1107.2 လက်မရပါတယ်။
ဒီတန်ဖိုးကို ပေဖွဲ့ဖို့ 12 နဲ့ပြန်စားရပါမယ်။
12 လက်မ=1 ပေ ဆိုတယ်မို့လား....။
1107.2÷12=92.26 ပေ ရပါတယ်ခင်ဗျ။
အဖြေက
40PSI ဆိုရင် ရေစင်အမြင့် 92.26 FT(ပေ)
ရှိရမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေခင်ဗျာ။
ကျေးဇူးတင်စွာဖြင့်.....
#ကျင်းလုံမြန်မာ
#gdmmknowledge
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery