YC, YCL, YL Series Capacitor Start Motor Difference
ဒီတစ်ခါ
ဈေးကွက်ထဲက အိမ်သုံးလျှပ်စစ်
Single phase ဝန်ဆွဲမော်တာ သုံးမျိုးအကြောင်းဖောက်သည်ချဦးမယ်။
အလွယ်မှတ်လို့ရအောင် မော်ဒယ်ရေးသားပုံလေးနဲ့ အရင်အစချီပြီးပြောပြမယ်။
1️. YC series
2️. YCL series
3️. YL series
ဒီသုံးမျိုး
1️. YC series
သူ့ကိုအပြင်ပိုင်း မျက်မြင်စစ်ရုံနဲ့ ဘယ်လိုခွဲမလဲ။
ဒီ series မှာ ကပ္ပစီတာ တစ်လုံးလည်းဖြစ်နိုင်တယ်။
နှစ်လုံးလည်းဖြစ်နိုင်တယ်။
တကယ်လို့ ကပ္ပစီတာနှစ်လုံးပါတယ်ဆိုရင်
ပါတဲ့ နှစ်လုံးက unit (micro farad) တူရမယ်။
ပြီးရင်ဒီနှစ်လုံးကို wiring မှာ အပြိုင်ဆက်ဖြစ်ရမယ်။
အများခေါ်နေကြတဲ့ ကွိုင်အပြည့်ဆိုတဲ့ အုပ်စုပေါ့။
ကြေးကြိုးလည်းဖြစ်နိုင်တယ်။
သတ္ထုကြိုးလည်းဖြစ်နိုင်တယ်။
Centrifugal switch က မော်တာဘော်ဒီရဲ့ အပြင်မှာရှိလိမ့်မယ်။
2️. YCL series
သူ့ကိုအပြင်ပိုင်း စစ်ရုံနဲ့ ဘယ်လိုခွဲမလဲ။
ဒီ series မှာ ကပ္ပစီတာ နှစ်လုံးဖြစ်ကိုဖြစ်ရမယ်။
ပြီးတော့ အဲ့ နှစ်လုံးက unit (micro farad) တူလို့မရဘူး။ တစ်လုံးက ယူနစ်အသေး (Run capacitor)
နောက်တစ်လုံးက ယူနစ်အကြီး (Start capacitor)
Run capacitor ဘာလို့ထောက်ထားဆို core & coil လျော့ထားတာကိုး။
သူ့ဈေးနဲ့သူပေါ့လေ။ နိုင်နင်းတာသုံးရင် ဘာပြဿနာမှမရှိ။
တံဆိပ်ကတော့ အထက်က YC series နဲ့ အတူတူလောက်ဖြစ်တာများတယ်။
တချို့မော်တာတံဆိပ်တွေမှာတော့ မတူဘူး။
သတ္ထုကြိုးလည်းဖြစ်နိုင်သလို
ကြေးကြိုးလည်းဖြစ်နိုင်တယ်။
Centrifugal switch က မော်တာဘော်ဒီရဲ့ အပြင်မှာရှိလိမ့်မယ်။
3️. YL series
သူကလည်း YCL နဲ့ ကပ္ပစီတာဖွဲ့စည်းပုံချင်းအတူတူပဲ။ Start တစ်လုံး၊ Run တစ်လုံး
နှစ်လုံးပါတာများပါတယ်။
သတ္ထုကြိုးလည်းဖြစ်နိုင်သလို
ကြေးကြိုးလည်းဖြစ်နိုင်တယ်။
Centrifugal switch က မော်တာဘော်ဒီရဲ့ အတွင်းထဲမှာပဲရှိတယ်။
ဒီလိုမော်တာမျိုးကို စက်တွေနဲ့ တွဲလျှက် တပါတည်းလာတဲ့ အနေအထားတွေမှာတွေ့ရတယ်။
လေအိုးတွဲကွန်ပရက်ဆာတွေ၊ အမှုန့်ကြိတ်စက်တွေ၊ လေမှုတ်စက်တွေ စတာတွေမှာ တွေ့ရမယ်။
ဒါမျိုး မော်တာအလွတ်ကတော့ သီးခြားသွင်းရောင်းမှရတယ်။
YL အမျိုးအစားမော်တာတွေက မော်တာအကောင်ရေချင်းတူရင်
ဖရိန်ဆိုဒ်၊ ရှပ်အချင်း တစ်ဆင့်သေးတယ်။ ခွာဆိုဒ်တွေလည်းမတူဘူး။
အော်ရီဂျင်နယ်စက်ပစ္စည်းတွေမှာပါတဲ့ မော်တာအုပ်စုပေါ့။
အထက်ကနှစ်မျိုးနဲ့ တံဆိပ်ပြားပါအချက်အလက်ရေးသားပုံချင်းမတူဘူး။
တံဆိပ်ပြားမှာ ဘာညာကွိကွလုပ်ထားရင်တော့ မပြောတတ်။
ဥပမာတစ်ခုပြောပြမယ်။
1. YC100L-4 (2HP)
Shaft အချင်း = 28mm
2. YCL100L-4 (2HP)
Shaft အချင်း = 28mm
3. YL90L-4 (2HP)
Shaft အချင်း =24mm
ဒီလိုကွဲလွဲချက်တွေရှိတယ်။
ဒီလောက်ဆိုရင် အသုံးပြုသူတွေ
တစ်ခုခုစဉ်းစားလို့ရပြီထင်ရဲ့
တခြားသိလိုတာရှိရင်၊ ဖြည့်ပြောချင်တာရှိရင်
လည်း comment မှာ ရေးခဲ့နိုင်ပါတယ်။
ဘော်ဒါတွေ မော်တာနဲ့ ပတ်သက်လို့
အဆင်ပြေကြပါစေ။
#ကျင်းလုံမြန်မာ
#gdmmknowledge
AC Dynamos
AC Motors
Air Compressors
Automotive Machinery
Blower & Exhaust Fan
Engine & Generators
Construction & Mining Machinery
Farming Machinery
Food Making Machinery
General Item Machinery