Knowledge

CH vs TH

CH vs TH

#ဉာဏစရိတ် (သို့) #ပွဲညွန့်စရိတ် 

ပစ္စည်းတစ်ခုရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးဟာ 
သာမန်အခြေအနေတစ်ခုအောက်မှာ 
တိုက်ရိုက်အချိုးကျလေ့ရှိတယ်။ 

ဘယ်နိုင်ငံကထုတ်ထားသည်ဖြစ်ပါစေ 
ဒီနိယာမဟာ ပြောင်းစရာအကြောင်းမရှိ။ 

ပြည်တွင်းကအသုံးပြုသူတွေရဲ့ ရေချိန်ကလည်း 
အနိမ့်အမြင့် ကွာခြားမှုကမသေးလှ။ 

ဒီတော့ ‌တင်သွင်းဖြန့်ဖြူးသူတချို့အပါအဝင် 
တဆင့်ရောင်းချသူအချို့က ဘာနည်းပညာ၊ 
ညာနည်းပညာဆိုပြီး စားသုံးသူကိုသွေးတိုးစမ်းတယ်။ % တစ်ခုအထိ ခရီးရောက်တဲ့အခါမှာ 
အရသာတွေ့သွားပုံရတယ်။ 
နောက်တစ်ဆင့်တက်ပြီး ဘာ made၊ ညာ made ဆိုပြီး လက်မောင်းခတ်တော့တာ။ 
အဲ့သည်မှာ သိတဲ့အုပ်စုနဲ့ မသိတဲ့အုပ်စု နှစ်စုကွဲသပေါ့လေ။ 
မသိတဲ့ အုပ်စုကတော့ နာမည်ကြည့်ပြီးဇွတ်မှိတ်ယုံကြတာ။ 
သိတဲ့သူတွေကတော့ 
တချို့အများသိအောင်အမုန်းခံပြီး 
ပြန်ပြောတာရှိသလို၊ တချို့ပြုံးရုံလေးနဲ့တင် မင်းတို့အကြံဒါအကုန်ပဲလားဆိုပြီး back gear ထိုးသွားကြတာလည်း ရှိသပေါ့လေ။ 
ဒါကပြည်တွင်းဘက်တစ်ခြမ်းကိုမြင်သလောက် 
သုံးသပ်တာ။ 

ယိုးဒယားဘက်ခြမ်းကို တချက်ပြန်ကြည့်ရင် 
သူတို့က မြန်မာပြည်အကြောင်းကောင်းကောင်းသိတယ်။ စရိတ်သက်သာတဲ့ တ ရုတ် စက်ရုံတွေမှာ 
OEM brand အပ်ပြီး ဒီဘက်ကို အပိသိပ်တာ။ 
ဒီဘက်ကလူတွေကလည်း သိတဲ့အတိုင်းပဲလေ...။ 
ရောကြိတ်ဖို့ အသင့်ပဲ။ 
ယိုး ဒ ယားကုန်တိုက်တွေထဲက ပစ္စည်းတွေမှာ စိနတိုင်းစာလုံးပါတဲ့ ပစ္စည်းဆိုတာ အတော်ကိုရှားတာ။ ယိုး ဒ ယားစာလုံးနဲ့ အင်္ဂလိပ်စာလုံးပဲပါတာများတယ်။ 
ဂျပ်ဖာပေါ်က QR ကို scan ဖတ်ကြည့်တော့မှ လေဝမ်းကောင်းကောင်းကွဲသွားတော့တာပဲ... 😁😁😁 

အဲ့လိုဖန်တီးထားတဲ့ 
ပစ္စည်းတွေကလည်း စက်လောကသားထဲကမဟုတ်တဲ့ သာမန်‌လူတွေဆိုမရိပ်မိနိုင်လောက်အောင် ပိရိကြတယ်။ 
စာသားအရေးအသား၊ နာမည်၊ အသုံးပြုအညွှန်းစာအုပ်နဲ့တကွ ပြောဟောရောင်းတော့လည်း 
ပါးပါးပုတ်တာရှိသလို ထူထူထဲထဲ ပုတ်ရောင်းတာလည်းရှိရဲ့။ 
သူ့အရပ် သူ့ဇာတ်ကိုက်တယ်လို့ဆိုရအောင်လည်း 
ပစ္စည်းတစ်ခုအတွက် သတင်းအချက်အလက်မှာ 
မှန်ကန်မှုတစ်ခုကို အခြေခံထားရင် ပြဿနာမဟုတ်ဘူး။ 
ခုတော့ ကြားနေမြင်နေရတာ 
အတော် စိတ်မသက်သာစရာ။ 
စားသုံးသူကို သောက်ဂရုမစိုက်တဲ့အထှာတွေနဲ့ 
ရေးချင်သလိုရေး၊ 
ပြောချင်သလိုပြော လုပ်နေကြတာ။ 

ဒီဘက်ခေတ်မှာ ပစ္စည်းထုတ်လုပ်သူ 
ရောင်းချသူတွေဟာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာနဲ့ အဝှမ်းများများသိအောင် social media platform မျိုးစုံ၊ 
Website၊ Google maps စသည်ဖြင့်နေရာစုံမှာ 
အများသိနိုင်အောင် အပြိုင်အဆိုင် မျက်နှာစာဖွင့်ကြရတယ်။ ဒါကိုလည်း ပြည်တွင်းကသူတွေ အတော်များများသိပြီးဖြစ်မှာပါ။ 
ကုန်ပစ္စည်းတစ်ခုအတွက် country of origion မှာ မှန်မှန်ကန်ကန် ပြောရောင်းရင် 
ဘယ်လိုစိန်‌ခေါ်မှုတွေ ရှိသလဲတော့မသိဘူး။ 
ကိုယ်တိုင်ရှာဝယ်ထားတာ 
ကိုယ်တိုင်အသိဆုံးဖြစ်မှာပဲ။ 
ဝယ်တဲ့အခါလည်း သေချာအောင်စီစစ်ပြီးမှ ရွေးကြရတာမဟုတ်လား။ 
လူတစ်ယောက်ရဲ့ ethic ကိုယ်ကျင့်တရားရေချိန်၊ 
အဖွဲ့အစည်းတစ်ခုရဲ့ ethic ကိုယ်ကျင့်တရားရေချိန် ဒါတွေကလည်း တစ်ခုနဲ့ တစ်ခုမတူကြဘူး။‌ အတ္တနဲ့ ပရ ဘယ်လောက်မျှသလဲဆိုတဲ့အပေါ်မူတည်တယ်။ 
ကြီးကြီးကျယ်ကျယ်ပြောရရင် ဟိတ် (၆) ပါး 
မျှခြေမဖြစ်ပဲ မကောင်းတဲ့ဘက် အစွန်းထွက်တာ။ 
(လောဘ၊ဒေါသ၊မောဟ/ အလောဘ၊အဒေါသ၊အမောဟ) 

ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူကြားမှာ 
ဉာဏစံချိန်တူနေရင် ဘယ်ဘက်ကမှ 
ဘောင်မကျော်ရဲဘူး။ 
ဒါကျွန်တော့အမြင်... 

လူလောက မဆိတ်သုန်းသရွေ့ 
အမှန်အကန်ရှိသလို အကြံအဖန်လည်းရှိမှာပဲ။ 
ဒါကအရှိတရား ရှောင်လို့ရမှာမဟုတ်။ 

ထုတ်လုပ်ရာဒေသကို မသဲမကွဲဖြစ်‌အောင် 
လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ 
အမြတ်အစွန်းပိုရရေးတစ်ခုက အဓိကပဲ။ 
ပစ္စည်းချင်းတူရင် ဈေးပိုတင်လို့ရမယ်။ 
ပစ္စည်းအရည်အသွေး ညံ့နေရင်တောင် 
Level တန်းဈေးတက်ယူလို့ရမယ်။ 
ဒီတော့ အသုံးပြုသူတွေ အနေနဲ့က 
အထူးအကင်းပါဖို့လိုပြီ။ 

Google နဲ့ Facebook မှာ သူတို့တင်သမျှ ကြေငြာတွေကြည့်နေရတာနဲ့တန်အောင် သူတို့ကိုပြန်အသုံးချဖို့လိုလာပြီ။ 
မဝယ်ခင် 
ကုန်ပစ္စည်းရဲ့ မူလဇစ်မြစ်လိုက်တတ်ဖို့ လိုလာပြီ။ 
ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကို 
မေးမြန်းတီးခေါက်ကြည့်ဖို့ လိုလာပြီ။ 

လူတိုင်းက သူတို့ပေးထားရတဲ့ တန်ဖိုးထက်ပိုလိုချင်တဲ့သူဆိုတာ မရှိသလောက်ပါ။ 
ရှိတယ်ဆိုရင်လည်းအဲ့လိုလူဟာ 
ရွာ့အပြင်ကလူပဲ... 😁😁😁 
တစ်ကျပ်ပေးလို့ ထိုက်ထိုက်တန်တန် တစ်ကျပ်တန်ရရင် ok ပြီမို့လား။ 

ဒီနေရာမှာ တစ်ခုထပ်‌လက်တို့ချင်တာက 
OEM brand ဆိုတာပဲ။ 
(Original Equipment Manufacturer) 
အဲ့ brand ဟာ ဘယ်နိုင်ငံမှာမှ စက်ရုံအတည်တကျ မရှိဘူး။ 
သက်ဆိုင်ရာနိုင်ငံရဲ့ ဖန်တီးထားသူလက်ထဲမှာပဲရှိတယ်။ 
အလျင်းသင့်တဲ့ စက်ရုံတွေမှာ ကိုယ်လိုချင်တဲ့ တံဆိပ်ပြောပြီး 
သတ်မှတ်အရေအတွက်ပြည့်‌အောင် နှစ်ဦးနှစ်ဘက်ကတိကဝတ်နဲ့ ထုတ်ခိုင်းရတာမျိုး။ 

မူရင်းစက်ရုံတွေဆိုတာ website မာမာချာချာရှိသူတွေချည်းပဲ။ မရှိရင် စဉ်းစားတော့။ 

ပြောချင်တာက တ ရုတ် made ကို 
ဘာ made/ ညာ made လို့ပြောပြီး 
ပါးပါးလှီးထည့်တာ၊ 
အတုံးလိုက်ထည့်တာမျိုး။ 

Google ကိုမိမိရရ အသုံးချပါ။ 
မြန်မာလိုလည်းရိုက်ရှာလို့ရနေတာပဲ။ 
ကိုယ့်ရဲ့ ဉာဏအသိပညာနည်းပါးမှုကြောင့် 
တပါးသူက ဉာဏအသိပညာဖိုး 
(တနည်းပွဲစားစကားနဲ့ပြောရရင် 
ပွဲညွှန့်ခုတ်တယ်ပေါ့လေ) 
ပိုယူပြီး 
တစ်ကျပ်တန်ကို တစ်ကျပ်ထက်ပိုပေးဝယ်ရရင် 
တန်လား/ မတန်လား...??? 


ဒီနေရာမှာ လက်ရှိအခြေအနေအရ 
Consumer Protection Law 
(စားသုံးသူကာကွယ်ရေးဥပဒေ)အကြောင်းတော့ထည့်မပြောတော့ဘူး။ 
အခန်း(၁၀)၊ ပုဒ်မ(၂၁)မှာသာ 
ဖတ်ကြည့်ကြတော့...။ 


နောက်တစ်ခုအာမခံကိစ္စ 
အာမခံတိုင်းရဲ့နောက်ကွယ်မှာ 
စည်းမျဉ်းစည်းကမ်းဆိုတာရှိတယ်။ 
ရှိကိုရှိရတယ်။ မရှိလို့မရဘူး။ 
သူ့တာ ကိုယ့်တာနှစ်ခုစလုံးပါတယ်။ 
အာမခံပါပြီဆိုတာနဲ့ 
ဣစ်ဆာသရအိုးရသလို 
လိုချင်သလိုပြည့်မှာတော့မဟုတ်။ 
ပေးသူဘက်ကဘောင်ကျော်ပေးနိုင်မှာမဟုတ်သလို ယူသူဘက်ကလည်း ဘောင်ကျော် 
ရချင်လို့မရဘူး။ မဝယ်ခင်ကြိုပြောထားသလို 
မဖြစ်ရင် ကြိတ်တော့မောင်... 😁😁😁 

ငိုတဲ့ကလေးမုန့်ပိုစားရဆိုသလို တခါတလေ 
ချွင်းချက်ကလေးတွေတော့ 
နှစ်ဘက်စလုံးအတွက်ရှိနိုင်တယ်။ နှစ်ဦးသဘောတူရင် ပြဿနာမဖြစ်ဘူးပေါ့လေ။ 

ကုန်ပစ္စည်းနဲ့ပတ်သက်လို့ 
သက်ဆိုင်ရာကုန်ပစ္စည်းတွေ 
အမြဲတိုးတက်ပြောင်းလဲနေတယ်။ 
ရောင်းတဲ့သူတွေလည်း 
အမြဲတိုးတက်ပြောင်းလဲနေတယ်။ 
သုံးတဲ့သူတွေလည်း 
အမြဲတိုးတက်ပြောင်းလဲနေမှရမယ်။ 

လူကုန် မအ လူအ မကုန်ဆိုတဲ့အထဲ 
ကိုယ်မပါဖို့ မျက်စေ့ကိုဖွင့်နားကိုစွင့်ရင်း.... 
အကင်းပါးကြအဆွေတော်တို့.... 💞💞💞 

#ကျင်းလုံမြန်မာ 
# gdmmknowledge