Knowledge

Impeller Direction Guide

Impeller Direction Guide

ဘယ်လားရာကအမှန်လဲ❓❓❓
A (or) B
-
-
-
-
သူ့နာမည်က impeller
မြန်မာမှုပြုရင် ရေယက်
ဆိုတော့ သူက ရေကိုယက်ထုတ်တာပါ။
ခတ်ထုတ်တာမဟုတ်ပါဘူး။
ယက်ထုတ်တဲ့နေရာမှာ လည်ပတ်အားကို အခြေခံတာမို့ centrifugal force
ဗဟိုခွာအားစနစ်နိယာမကို လိုက်နာပါတယ်။
ရေပန့်ဆို ဘယ်ဘက်လည်ရမယ်၊ ညာဘက်လည်ရမယ်ရယ်လို့
လှေနံဓားထစ် အသေမှတ်လို့မရပါဘူး။
impeller ရဲ့ ရေယက်အတောင် ချိုးထားတဲ့ ဒီဇိုင်းအပေါ်မူတည်ပြီး
ဘယ်လည်/ညာလည် ပေးရတာကွာခြားပါတယ်။
ရေယက်အတောင်ချိုးထားတဲ့ ဒီဇိုင်းအလိုက်
impeller diffuser(အအုပ်)ဒီဇိုင်းလည်း တူမှာမဟုတ်ပါဘူး။
ဘယ်လိုပြင်ပအားတစ်ခုခုနဲ့ လှည့်သည်ဖြစ်စေ
အင်ပယ်လာရေယက်က ယက်ထုတ်တဲ့လားရာမှန်အောင်
လှည့်ပေးဖို့လိုပါတယ်ခင်ဗျ။
ပုံပါရေယက်ကတော့ ပူလီဆွဲသတ္ထုခရူ အမျိုးအစားကဖြစ်ပါတယ်။
လည်ချက်လားရာအမှန်က ရေယက်ကို မျက်နှာမူကြည့်ရင်
ညာဘက်(A)(နာရီလက်တံအတိုင်း)ကိုလှည့်ပေးရမှာဖြစ်ပါတယ်။

ဘော်ဒါတွေ ပန့်လည်ချက်ဦးတည်ရာနဲ့ ပတ်သက်လို့ အဆင်ပြေကြပါစေ။

#ကျင်းလုံမြန်မာ
#gdmmknowledge