ကျွန်ုပ်တို့ ကျင်းလုံမြန်မာ ကုမ္ပဏီအကြောင်း
၁၉၉၈ ခုနှစ်တွင်
ကျွန်ုပ်တို့ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို ၁၉၉၈ခုနှစ်တွင် မန္တလေးမြို့၏
လမ်း(၃၀)နှင့်(၈၃)လမ်းထောင့် ဆိုင်ခန်းအငှားဖြင့်
စက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လောကအတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။
၂၀၀၀ ခုနှစ်တွင်
မန္တလေးမြို့၏ (၈၃)လမ်း၊(၂၇)လမ်းနှင့်(၂၈)လမ်းကြားသို့ ပြောင်းရွေ့ကာ
လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပြီး အထက်မြန်မာပြည်ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါသည်။
၂၀၀၆ ခုနှစ်တွင်
ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်၊
ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားအဖြင့် လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပြီး အောက်မြန်မာပြည်ဈေးကွက်တွင် နေရာတစ်ခုရရှိခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင်
ကိုယ်ပိုင်အခြေကျနေရာတစ်ခုအဖြစ် ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို
အမှတ်(၄၉၃)၊(၈၂)လမ်း၊(၃၅)နှင့်(၃၆)လမ်းကြား၊
မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပါသည်။
တင်သွင်းဖြန့်ဖြူးသော ကုန်ပစ္စည်းများနှင့်ပက်သတ်၍ မရောင်းခင် ကြိုတင်ပြင်ဆင်မှု၊ ရောင်းဆဲဝန်ဆောင်မှု၊
ရောင်းပြီးဝန်ဆောင်မှု၊ အမျိုးအမည်နှင့်ရွေးချယ်စရာစုံလင်မှု၊
ဈေးနှုန်းနှင့်ကုန်ပစ္စည်းအရည်အသွေး ထိုက်တန်မှန်ကန်မှု စသည်တို့ကို အထူးအာရုံစိုက်ခဲ့ပါသည်။
၂၀၁၀ ခုနှစ်တွင်
ကိုယ်ပိုင်အခြေကျနေရာတစ်ခုအဖြစ် ကျင်းလုံ စက်ပစ္စည်းအရောင်းဝယ်ရေးဆိုင်ကို အမှတ်(၃၅-၃၆)၊
သီရိမွန်လမ်းမကြီးနှင့်(၈)လမ်းထောင့်၊ သီရိမွန်ပလာဇာဝင်း၊ ဘုရင့်နောင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်တွင်
ကျင်းလုံမြန်မာ စက်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
(JINLONG MYANAMR MACHINERY TRADING CO.,lTD.) အဖြစ် မှတ်ပုံတင်ခဲ့ပါသည်။
တင်သွင်းဖြန့်ဖြူးထားသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တာဝန်ယူမှု၊တာဝန်ခံမှု၊
အမျိုးအမည်နှင့် ရွေးချယ်စရာစုံလင်မှု၊ ဈေးနှုန်းနှင့် ကုန်ပစ္စည်းအရည်အသွေး ထိုက်တန်မှန်ကန်မှု၊
အခြားလိုအပ်သော စက်ပစ္စည်းများအတွက် အသုံးပြုသူလိုအပ်ချက်အလိုက် အော်ဒါမှာယူပေးနိူင်မှု စသည်ဖြင့်
စားသုံးသူလိုအပ်ချက်များကို အဆင်ပြေဆုံးဖြစ်အောင် အထူးအလေးထား ဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင်
ကျင်းလုံမြန်မာ Machine Mart-(မန္တလေး) အရောင်းပြခန်းကြီးကို
(၇၃)လမ်းနှင့်(၇၄)လမ်းကြား၊မြိုမဒင်္ဂါးလမ်းနှင့် မြို့မသစ်လွင်လမ်းကြား၊ တံခွန်တိုင်အဝိုင်းအနီး၊ ပြည်ကြီးတံခွန်မြို့နယ်၊
မန္တလေးမြို့တွင် ပထမဦးဆုံးနှင့် ပစ္စည်းအစုံလင်ဆုံး စက်ပစ္စည်းအရောင်းပြခန်းကြီးတစ်ခုကို အောင်မြင်စွာဖွင့်လှစ်နိူင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်တွင်
ကျင်းလုံမြန်မာ Machine Mart-(လှိုင်သာယာ) အရောင်းပြခန်းကြီးကို
အမှတ်-၁/(ခ) ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ကျန်စစ်သားလမ်းထောင့်၊
စက်မှုဇုံ(၃)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့ တွင် ထပ်မံဖွင့်လှစ်ခဲ့ပါသည်။
မကြာမီမှာလဲ
ကျင်းလုံမြန်မာ Machine Mart-(ဒလ) အရောင်းပြခန်းကြီးကို
အမှတ်(3376)၊ဓနုဘုရားလမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းထောင့်
ကျန်စစ်သားရပ်ကွက်၊ ဒလမြိုနယ်ရန်ကုန်မြို့ ၊ဒလတံတားအဆင်းအနီးမှာ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ရှေ့ဆက် အနာဂတ် ခရီးတလျှောက်မှာလည်း
၁။ နိုင်ငံ၏ အမှန်တကယ်လိုအပ်ချက်ဖြစ်သော စက်ပစ္စည်းများကို ရွေးချယ်တင်သွင်းဖြန့်ဖြူးရန်
၂။ လူငယ်မျိုးဆက်အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်
၃။ ဈေးနှုန်းနဲ့ အရည်အသွေး ထိုက်တန်မှန်ကန်တဲ့နေရာ ကျင်းလုံမြန်မာဖြစ်စေရန်
၄။ အသုံးပြုသူများအား မရောင်းခင်၊ ရောင်းဆဲနှင့် ရောင်းပြီးဝန်ဆောင်မှုများ အပြည့်အဝပေးရန်
၅။ ပြည်တွင်း SMEs လုပ်ငန်းများနှင့်ပူးပေါင်း၍ စက်မှုထုတ်ကုန်များဖန်တီးရန်
စတဲ့ ရည်မှန်းချက်များကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားပါမည်။
လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအားလုံး အတူတကွ လက်ချညီညီ ကြိုးစားကြရင်း
လှပတဲ့ အနာဂတ်တွေကို အတူတကွ ထုဆစ်ပုံဖော်သွားကြမည်ဖြစ်ပါသည်။
ကျင်းလုံမြန်မာ
