Knowledge

7 Types of Customer

7 Types of Customer

ကျွန်တော်အပါအဝင် ဈေးဝယ်တွေမှာ 
အဓိကအချက်နှစ်ချက်ရှိနေတတ်တယ်။ 
Need နဲ့ Want 
လိုအပ်တာနဲ့လိုချင်တာလို့ပြောလို့ရမယ်ထင်တယ်။ 

ဥပမာ ...... 
လူတစ်ယောက်ရေဆာတယ်ဆိုတာ 
ရေသောက်စရာပေးရင်သူ့ရဲ့ မူလ လိုအပ်ချက်ပြည့်စုံသွားစေနိုင်တယ်။ 
အဲ့ဒါမျိုးက အဖြစ်မနေ လိုအပ်ချက်ပဲ။ 
Need ဆိုတာမျိုးပေါ့ဗျာ။ 

အဲ့ဒီရေကိုမှ ဖန်ခွက်ကလေးနဲ့အေးအေးလေး 
သောက်ချင်တာဆိုရင်တော့ 
သူရဲ့ လိုချင်မှုဖြစ်သွားပြီ။ 
အဲ့ဒါ Want ဆိုတာမျိုးပေါ့ဗျာ။ 

အဲ့ဒီမှာ ကိုယ့်ဘက်ကနှစ်ခုစလုံးဖြည့်ပေးနိုင်ရင် 
အကောင်းဆုံးဖြစ်မှာပဲ။ 
လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့ 
ဆန်စင်ရာ ကျည်ပွေ့လိုက်နိုင်ရင်ပေါ့လေ....။ 

အဲ့ဒီမှာ အရောင်းသမားကဈေးဝယ်ရဲ့ Need ဆိုတာကို 
အချိန်တိုအတွင်း သေချာသိနိုင်ဖို့လိုတယ်။ 
Need ပြေလည်သွားရင် အရောင်းအဝယ်တစ်ခု 
ကောင်းကောင်းဖြစ်လို့ရတယ်။ 
ဒါပေမယ့် ဈေးဝယ်ကတော့ သူ့ရဲ့ wants တွေကိုသာ 
ဇောင်းပေးပြောလိမ့်မယ်။ 

Retail Store 
လက်လီအရောင်းဆိုင်တွေမှာကြုံရလေ့ရှိတဲ့ 
ဈေးဝယ် (၇)မျိုး 

1. Window shopping customer 
သူတို့ကဝယ်ဖို့အစီအစဉ်မရှိသလို ဝယ်မှာလည်းမဟုတ်ဘူး။ 
အားလပ်ရက်မှာမို့ ဟိုကြည့် သည်ကြည့် လျှောက်ကြည့်ရုံပဲ။ တွေ့တဲ့ဆိုင်တန်းစီပြီးကြည့်သွားမှာပဲ။ 
အရောင်းသမားအတွက်ကတော့ မေးမြန်းလာတဲ့အခါဝန်ဆောင်မှု 
ကောင်းကောင်းပေးဖို့လိုတယ်။ 
နောင်တစ်ချိန်လိုတာရှိရင် လာများလာမလားရယ်ဆိုတဲ့ 
မျော်လင့်ချက်နဲ့ပေါ့လေ....။ 
သူ့ဆီကနောက်တစ်ခုမျှော်လင့်လို့ရတာရှိသေးတယ်။ 
သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေလိုတဲ့အခါ 
သူကလမ်းညွှန်ပေးနိုင်တယ်။ 
အခုတစ်ခေါက်မဝယ်လို့ ဘုဘောက်ပြောထားရင် 
တော့ ကိုယ့်ဆီဘယ်ညွှန်လိမ့်မတုန်းဗျာ။ 

2. Bargain Hunter customer 
သူကတော့ အောက်ကြေးသမား 
Global brand တွေ Local brand တွေ စိတ်မဝင်စားဘူး။ ဈေးသက်သက်သာသာနဲ့ အလုပ်ဖြစ်ဖို့ပဲစဉ်းစားတဲ့သူ 
တဖက်ကိုပြန်ထုဖို့လည်းဖြစ်နိုင်တယ်။ 
လုပ်ငန်းအသစ်စမှာမို့ ငွေမသုံးနိုင်သေးတာ၊ မသုံးချင်သေးတာလည်းဖြစ်နိုင်ပါတယ်။ 
အရောင်းသမားအတွက်ကတော့ နံပါတ်(1) 
အရောင်းအဝယ်ဖြစ်ရေးပဲ။ 
ကိုယ့်မှာရှိတဲ့ ဘယ်လိုထုတ်ကုန်နဲ့ သူ့ကို အစွံထုတ်လို့ရမလဲဆိုတာ အချိန်တိုအတွင်းသိနိုင်လေ 
အရောင်းအဝယ်ကိစ္စ မြန်ဆန်လေပဲ....။ 
ကိုယ့်ဆီမှာ ကုန်စည်အရည်အသွေးနဲ့ဈေးတန်း 
Level အမျိုးမျိုးတော့ရှိထားဖို့လိုတာပေါ့လေ....။ 

3.Customer on a mission 
ဒီတစ်မျိုးက ပစ္စည်းအကြောင်းလည်းသိတယ်။ 
သူဘာယူရမယ်ဆိုတာလည်းသိပြီး 
လာတဲ့တစ်ယောက်ပေါ့။ 
သူ့မှာ brand နဲ့ model အစွဲကပ်ပါလာတတ်တယ်။ 
အရောင်းသမားအတွက်ကတော့ နံပါတ်(1) 
အရောင်းအဝယ်ဖြစ်ရေးပဲ။ 
သူကိုင်လာတဲ့ brand နဲ့မော်ဒယ်က ကိုယ့်ပစ္စည်းဖြစ်နေရင်အကြောင်းမဟုတ်ဘူး။ 
ကိုယ့်ရဲ့ brand နဲ့မတူတဲ့အခါ 
အထက်ကအစွဲကိုချွတ်နိုင်ရင် ကိစ္စကကိုယ်ဘက်ပါလာမယ်။ 
အရောင်းသမားကတော့ကိုယ့်ပစ္စည်းအကြောင်း 
ခြေခြေမြစ်မြစ်ကိုသိထားမှကိုတော်ကာကျမယ်။ 
ဈေးဝယ်ကိုင်စွဲလာတဲ့ brand အကြောင်းကိုပိုသိလေ 
ကိုယ့်ဘက်ကအလေးသာလေဖြစ်မယ်။ 
ဒီလိုသိထားတာနဲ့ တဖက်တံဆိပ်နဲ့ ကုမ္ပဏီအပေါ်ကို 
personal attack/ brand attack 
လုံးဝမလုပ်ရဘူး။ ကိုယ့်ရဲ့ ethic ကိုယ်နိုင်ဖို့လိုတယ်။ 
ဒီအခြေအနေမှာ ဈေးဝယ်ဟာ ဝယ်ခြင်းမဝယ်ခြင်းကို 
ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့သူတော့ဖြစ်ဖို့လိုတယ်။ 
လမ်းကြုံမှာလိုက်တာဆိုရင်တော့ ကိုယ့်ဘက်ပါလာဖို့အတွက် ပေနည်းနည်းထပ်ရှည်ပေးဖို့လိုမယ်။ 
နောက်ဆုံး ဆုံးဖြတ်နိုင်တဲ့သူရဲ့ နားအထိ 
ကိုယ့်ရဲ့အာဘော်ပေါက်သွားဖို့လိုတယ်။ 
လာဝယ်တဲ့သူရဲ့ကိုယ်စား အရောင်းသမားကဖုန်းတိုက်ရိုက် ပြောခွင့်ရအောင် 
ဖန်တီးလမ်းဖောက်တာမျိုးပေါ့။ 

4. Research customer 
ဒီတစ်မျိုးက ပစ္စည်းအခြေအနေနဲ့ ဈေးတန်းကိုလာကြည့်တာ။ 
သူကတခြားဆိုင်တွေလည်းသွားလေ့လာဦးမှာပဲ။ 
ပြီးရင် online တစ်ခွင်ပြဲပြဲစင်အောင်ပတ်ပြီးရှာမှာ။ 
နှိုင်းယှဉ်ကြည့်ပြီး သူအာရုံရတာကိုရွေးလိမ့်မယ်။ 
သူရွေးမယ့်ဟာက ကိုယ်လည်းဖြစ်နိုင်တယ်။ 
သူများလည်းဖြစ်နိုင်တယ်။ 
အရောင်းသမားအတွက်ကတော့ နံပါတ်(1) 
အရောင်းအဝယ်ဖြစ်ရေးပဲ။ 
ကိုယ်ရောင်းနေတဲ့ ပစ္စည်းနဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ ပေးစရာရှိတဲ့ သတင်းအချက်အလက် 
အကုန်သိသွားအောင် message ပေးလိုက်ဖို့လိုတယ်။ 
တည်ဆောက်ပုံ၊ အသုံးပြုပုံ၊ ဆောင်ရန်ရှောင်ရန်၊ 
အာမခံကိစ္စ စသည့်ဖြင့်....... 
ဖော်ရွေပျူငှာစွာဆက်ဆံဖို့လိုတယ်။ 
ဒါဆိုရင်တော့ သူ့ကိုမျှော်လင့်လိုရပါသေးတယ်။ 

5. Confused or indecisive customer 
ဒီတစ်ယောက်က ဆိုင်အတော်များများပတ်ကြည့်ပြီးမှ 
ကိုယ့်ဆီရောက်လာတဲ့သူ။ 
ကြည့်ထားတာတွေများပြီး 
ဘာရွေးလို့ရွေးရမှန်းမသိဖြစ်နေတဲ့သူမျိုးပါ။ 
အရောင်းသမားအတွက်ကတော့ 
သူဟာဘာသုံးဖို့အတွက်အဓိကလိုနေသလဲ။ 
ငွေဘယ်လောက်ပဲသုံးချင်တာလဲ။ 
ဘာ့ကြောင့်သူရွေးရခက်နေတာလဲ။ 
ဒီသုံးချက်တိတိကျကျဆွဲထုတ်နိုင်ဖို့လိုပါတယ်။ 
ဈေး၊အရည်အသွေးတူနေရင်တောင် 
ဝန်ဆောင်မှုနဲ့ပြောဆိုဆက်ဆံရေးက အလေးပိုသာတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ 
ဒါဆိုရင်ဒီလိုဈေးဝယ်မျိုးဟာ ကိုယ့်အတွက်ပါပဲ။ 

6. Dissatisfied Customer 
ဒီတစ်ယောက်က ကိုယ့်ဆီမှာ ဝယ်ခဲ့ဖူးတဲ့သူ။ 
အခုပြန်လာတဲ့ကိစ္စက အရင်ဝယ်သွားတဲ့ပစ္စည်း 
အဆင်မပြေလို့ ကွန်ပလိန်းတက်ဖို့လာတာ။ 
သူအဆင်ပြေပြေပြန်သုံးနိုင်ဖို့အတွက် 
ဆိုင်အနေနဲ့ ဘာပြန်လုပ်ပေးမလဲဆိုတာအတွက် 
ရောက်လာသူပါ။ 
ဒီလိုပြန်လာတဲ့သူဟာ တခြားဈေးဝယ်တွေနဲ့မတူဘူး။ 
သူမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်တဲ့ 
အတွက် တခါတရံမှာ လေသံအတော်မာနေနိုင်တယ်။ 
ဒါကို ကနဦးလက်ခံဖြေရှင်းရတဲ့ တာဝန်ရှိသူက 
Self-control ကောင်းကောင်းနိုင်ဖို့လိုတယ်။ 
တချို့ဆိုင်တွေမှာတော့ ရောင်းလိုက်တဲ့ 
အရောင်းသမားကပြန်ပြီး 
လက်ခံစကားပြောရတာများပါတယ်။ 
ဒီနေရာမှာ အရောင်းသမားက 
ဈေးဝယ်နဲ့ ကုမ္ပဏီအကြားမှာ အစွန်းလွတ်နေဖို့လိုတယ်။ 
တစ်ဘက်ကပ်သွားရင် တစ်ယောက်သေချာပေါက်နစ်နာမယ်။ 
ဖြစ်စဉ်သေချာမေးပြီး ဘာ့ကြောင့်ဆိုတာ အမြန်ဆုံးနဲ့အမှန်ဆုံး ဆုံးဖြတ်နိုင်ဖို့လိုတယ်။ 
ညှိိနှိုင်းရေးစွမ်းရည်ပြည့်ဝဖို့လိုတယ်။ 
နှစ်ဦးနှစ်ဘက်အတွက် 
အမြန်ဆုံး၊ အသက်သာဆုံး၊ အကောင်းနည်းလမ်းနဲ့ 
ဖြေရှင်းပေးနိုင်လိုက်ရင် ဒီဈေးဝယ်ကိုဆက်ထိန်းထားဖို့ 
အခွင့်အရေးကျန်ပါသေးတယ်။ 
မဟုတ်လို့ကတော့ အရင်ကဂျပန်ဘီး(ဆိုင်ကယ်)တွေလို 
တစ်ခါဆက်ဆံ 10ဂါလံ ဖြစ်သွားနိုင်တယ်။ 
ဒါတင်မဟုတ်ဘူး သူကတခြားသူတွေလည်းကြုံသလို 
လိုက်ပြောနေမှာ...... 
ဒီဘက်ခေတ်မှာ facebook ကလည်းရှိနေတော့ 
အတော်ခရီးရောက်သွားနိုင်လို့ အထူးဂရုစိုက်ကိုင်တွယ် 
ဖြေရှင်းပေးနိုင်ဖို့လိုတယ်။ 
ဘယ်လောက်ကောင်းတဲ့ ပစ္စည်းပဲဖြစ်ဖြစ် 
ကွန်ပလိန်းလွတ်တယ်ဆိုတာမရှိဘူး။ 
ဒီအယူအဆကို အရောင်းသမားတိုင်းသဘောပေါက် 
လက်ခံထားဖို့လိုတယ်။ 
ဈေးဝယ်ကျေနပ်အောင်ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ 
အမြင်ကနေသာချဉ်းကပ်သင့်တယ်။ 
ဒီလိုဆုံးဖြတ်တဲ့အခါ အရှုံးအမြတ်ဆိုတာက 
ငွေတင်မဟုတ်ပဲ ကုမ္ပဏီ/အမှတ်တံဆိပ်ရဲ့ 
ဂုဏ်သိက္ခာတွေလည်းတွဲနေနိုင်တယ်။ 
User fault ဆိုတာချည်းပဲပြောနေလို့မရတော့ဘူး။ 
အဲ့ဒီ user ဘာ့ကြောင့် fault ဖြစ်သလဲဆိုတာအထိသွား 
ရမယ်။ 
ဝယ်စဉ်က သေချာညွှန်ကြားပြသပေးလိုက်သလား၊ 
မပေးလိုက်ဘူးလားစသည်ဖြင့်..... 
အရောင်းသမားရဲ့ တာဝန်ခံမှု scope တွေအထိလိုက်သင့်ရင်လိုက်ရမယ်။ 
အကြီးအကဲတစ်ဦးဦးရဲ့ အဆုံးအဖြတ်နဲ့အတူ ထောင်မြင်ရာစွန့်ဆိုတဲ့ စကားအတိုင်း ရင်းလိုက်ရတာလည်း ရှိကောင်းရှိနိုင်မယ်။ 
ဒီလို ကွန်ပလိန်းတက်လာသူကို သေချာဂရုစိုက်ပြီး ဖြေရှင်းပေးလိုက်ရင် စိုတဲ့လက် မခြောက်တော့ဘူးပေါ့။ 

7. Steady Regular Customer 
သူကတော့ အတော်ကိုမျက်မှန်းတန်းနေတဲ့ ဈေးဝယ်အမျိုးအစားဗျ။ 
ကိုယ်စီနာမည်တွေဘာတွေလည်းသိနေလောက်တဲ့အထိ 
ရင်းနှီးမှုရှိပြီးသား။ 
လေ့လာတွေကြုံဖူးသမျှထဲမှာတော့ ဒါမျိုးဈေးဝယ်ကိုရောင်းရတာ အဖက်ဖက်ကသက်သာတယ်။ 
ထွေထူးပြီးဆွဲဆောင်နေစရာ၊ ပြောနေစရာမလိုဘူး။ 
အချိန်ကုန်အသက်သာဆုံးနဲ့ အရောင်းအဝယ်ဖြစ်တာမျိုးလေ။ 
တချို့ဆိုလူတောင်မလာတော့ဘူး။ 
ညေး.... ဘောက်ချာနဲ့ bank အကောင့်လေး 
Viber နဲ့ပို့ထားလိုက်တော့... 
လွှဲပြီးရင်ဖုန်းဆက်လိုက်မယ်.....။ 
ဒီလိုမျိုးကိုဗျ။ 
အရောင်းသမားအတွက်ကတော့ 
သာမန်လုပ်နေကျအတိုင်း 
ပစ္စည်းမှန်ကန်အောင်စစ်ဆေးပေးပြီး 
အချိန်မှီပို့ပေးဖို့တော့လိုတယ်။ 
ဒီလိုဈေးဝယ်တွေကို အပိုင်ထိန်းထားနိုင်ပြီးမှ 
အသစ်ထပ်ရှာ.....။ 
အသစ်ကိုဒီလိုဈေးဝယ်ဖြစ်အောင်ထပ်လုပ်..... 
တဖြည်းဖြည်းနဲ့ ဝမ်းခေါင်းချဲ့သွားနိုင်ဖို့လိုတယ်။ 
ဒါ့ကြောင့် development အစစ်ဆိုတာ 
သူများလာလုပ်ပေးမှာ မဟုတ်ဘူး။ 
ကိုယ်တိုင်ဖန်တီးယူပြီး 
ကိုယ်တိုင်ခံစားရတယ်ဆိုတာမျိုးပဲ။ 

ဘော်ဒါအရောင်းသမားအားလုံး 
အရောင်းအဝယ်ဖြစ်နိုင်ကြပါစေ......... 

လေးစားစွာဖြင့်.... 
Tun Lynn 
ကျင်းလုံမြန်မာ