Knowledge

Propeller pitch

Propeller pitch

Outboard Engine တွေမှာပါတဲ့
ရေယက် propeller ပေါ်ကအရေးအသားတစ်ခုကို
မျှဝေပေးပါ့မယ်။

ပုံမှာရေးထားတဲ့ အရေးအသားအရ
(((((9⅞ × 12 - F)))))
(9 7/8") ဆိုတာက ရေယက်ပန်ကာရဲ့ အချင်းကို
လက်မအတိုင်းအတာနဲ့ဖော်ပြတာဖြစ်ပါတယ်။

(12) ဆိုတဲ့ တန်ဖိုးကတော့ ရေယက်တစ်ပတ်လည်
တိုင်း ရှေ့ကိုရွေ့မယ့် အကွာအဝေးကို လက်မတန်ဖိုးနဲ့ဖော်ပြတာဖြစ်ပါတယ်။

Propeller ရဲ့ pitch တန်ဖိုးလို့လည်းခေါ်ကြပါတယ်။

(F) ဆိုတာကတော့ F series အုပ်စုဖြစ်ပါတယ်။
Gearcase 3 လက်မအရွယ်အစားတွေမှာ တပ်ဆင်အသုံးပြုကြတာဖြစ်ပါတယ်။

ဒီတော့ စက်လှေတစ်စင်းနဲ့ တစ်စင်း
လည်ပတ်အားတူယှဉ်မောင်းကြတဲ့အခါတွေမှာ
Pitch တန်ဖိုးဟာ မြန်နှုန်း
အပြောင်းအလဲကိုဖြစ်စေပါတယ်။

Hidea-30hp ရဲ့ ရေယက်တစ်ခုကို
ပုံမှပြသပေးထားတာဖြစ်ပါတယ်။

ရေယက်အရွယ်အစားနဲ့
အင်ဂျင်အားကလည်းကိုက်ညီမှန်ကန်ဖို့လိုပါတယ်။
#HIDEA
#PARSUN
#OUTBOARD #ENGINE
#Propeller_pitch
#ကျင်းလုံမြန်မာ
#gdmmknowledge